ဟယ်လင်းဟာရီကိန်း ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် အမေရိကန် အရှေ့ပိုင်းပြည်နယ်များတွင် အနည်းဆုံး ၄၄ ဦး သေဆုံး

ဟယ်လင်းဟာရီကိန်း ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် အမေရိကန် အရှေ့ပိုင်းပြည်နယ်များတွင် အနည်းဆုံး ၄၄ ဦး သေဆုံး
Published 28 September 2024

 



ဟယ်လင်းဟာရီကိန်း ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် အမေရိကန် အရှေ့ပိုင်းပြည်နယ်များတွင် သေဆုံးသူ ၄၄ ဦးခန့် ရှိပြီး  အမေရိကန်ပြည်သူ လေးသန်းနီးပါးသည် အမှောင်ထဲတွင်နေထိုင်နေရဆဲဖြစ်ကာ လူအများအပြားသည် ပြင်းထန်ရေကြီးမှုကို ရင်ဆိုင်နေရသည်ဟု စက်တင်ဘာ ၂၈ ရက်တွင်  အာဏာပိုင်များက ပြောကြာခဲ့သည်။

ဟယ်လင်း ဟာရီကိန်း သည် ပြင်းအား အဆင့်လေးရှိသော ဟာရီကိန်းမုန်တိုင်းကြီးအဖြစ် ဖလော်ရီဒါကို ဝင်ရောက်ခဲ့ပြီး တောင်ပိုင်းကို ရွေ့လျားသွားခဲ့ကြောင်း ၊ အရေးပေါ်ကယ်ဆယ်ရေးသမားများက ပြည်နယ်များတွင် အင်အား အများအပြားဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ မုန်တိုင်းကြောင့် ကားလမ်းများ၊အိမ်များ၊ ဈေးဆိုင်များ ရေမြုပ် ပျက်စီးခဲ့ရသည်။

စက်တင်ဘာ ၂၇ ရက်ညပိုင်းတွင် အရှေ့ပိုင်းပြည်နယ်များရှိဒေသအချို့သည် လျှပ်စစ်ဓာတ်အား ပြန်yလည်ရရှိခဲ့သည်ဆိုသော်လည်း  ၂၈ ရက်နံနက်ပိုင်းအထိ ပြည်နယ် ၁၀ ခု၌ ပြည်သူလေးသန်းနီးပါးသည်လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်ဟုသိရသည်။ 

ဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်နိုင်သည်ဟု အမေရိကန်မိုးလေဝသပညာရှင်များက သတိပေးထားသည်။

ဟယ်လင်းဟာရီကိန်း  သည် အပူပိုင်းလွန် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားနည်းသွားသည်ဆိုသော်လည်းမိုးသည်းထန်မှုများနှင့်အတူ ထိခိုက်ပျက်စီးမှုများကို ဆက်လက်ဖြစ်‌ပေါ်စေသည်။ ထို့ကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့်မြိုပေါ်၌ ရေကြီးခြင်းတို့ဖြစ်လာနိုင်သည်ဟု အမျိုးသားဟာရီကိန်းစင်တာ (NHC)ကပြောကြားခဲ့သည်။

ရေကြီးမှုက မြောက်ကာရိုလိုင်းနားနှင့် တန်နက်ဆီတို့က ဆည်များ ကျိုးရန်ခြိမ်းခြောက်နေသောကြောင့် စက်တင်ဘာ ၂၈ ရက်အထိ တစ်ညလုံး ‌နောက်ထပ်ပြောင်းရွှေ့အမိန့်များကို ထုတ်ပြန်ခဲ့သည်။

အရှေ့ပိုင်း တန်နက်ဆီဆည်သည် ကျိုးလုဆဲဖြစ်နေသောကြောင့် ဆည်၏ရေစုန်အရပ်တွင်နေထိုင်သူများ အမြင့်ပိုင်းကို ချက်ချင်း ပြောင်းကြရန် အမျိုးသားမိုးလေဝသဌာ(NWS)က သတိပေထားသည်။

Ref:AFP

Photos:AFP

 

Most Read

Most Recent