ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင်များ သေဆုံးမှုအတွက် လက်တုံ့ပြန်ရန် အသင့်ဖြစ်နေသည်ဟု အီရန်နှင့် ၎င်း၏ဒေသတွင်း မဟာမိတ်အဖွဲ့များ ပြောကြား

ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင်များ သေဆုံးမှုအတွက် လက်တုံ့ပြန်ရန် အသင့်ဖြစ်နေသည်ဟု အီရန်နှင့် ၎င်း၏ဒေသတွင်း မဟာမိတ်အဖွဲ့များ ပြောကြား
ကွယ်လွန်သူ အစ္စမေးဟာနီယက်အတွက် စျာပနအခမ်းအနားကို တီဟီရန်မြို့လယ်၌ ကျင်းပခဲ့ပုံကို သြဂုတ် ၁ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ကွယ်လွန်သူ အစ္စမေးဟာနီယက်အတွက် စျာပနအခမ်းအနားကို တီဟီရန်မြို့လယ်၌ ကျင်းပခဲ့ပုံကို သြဂုတ် ၁ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 2 August 2024

အီရန်နှင့် ၎င်း၏ဒေသတွင်း မဟာမိတ်အဖွဲ့များက ဟားမာ့စ်နှင့်ဟစ်ဇဘိုလာခေါင်းဆောင်များ သေဆုံးမှုအတွက် လက်တုံ့ပြန်ရန် အသင့်ဖြစ်နေသည်ဟု သြဂုတ် ၁ ရက်တွင် သိန္နိဋ္ဌာန်ချခဲ့သည်။

စျာပနတက်ရောက်သူများသည် တီဟီရန်မြို့လယ်ရှိ ဗာလီစီရင်ပြင်တွင် ပြည့်နေပြီး လက်တုံ့ပြန်ရန် ၎င်းတို့က တောင်းဆိုခဲ့သောကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာခေါင်းဆောင် အစ္စမေးလ်ဟာနီယက်သည်  အီရန်သမ္မတသစ် ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့သော အီရန်နိုင်ငံတွင် အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် ဟားမာ့စ်က ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်ကို မတုံ့ပြန်ဘဲနေမည်မဟုတ်ဟု ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အစ္စရေးက ဖြေကြားခြင်းမရှိပေ။

ထို့နောက် ဟာနီယက်၏ ရုပ်အလောင်း ကို ကာတာသို့ လေယာဉ်ဖြင့် သယ်ဆောင်သွားခဲ့သည်။ သြဂုတ် ၂ ရက်တွင် ၎င်းကို ကာတာ၌ မြှုပ်နှံခဲ့သည်။ ဟာနီယက်၏ အုုပ်စုဖြစ်သော ဟားမာ့စ်က ပါလက်စတိုင်းနယ် မြေများနှင့်ဒေသတွင်း၌  သြဂုတ် ၂ ရက်ကို အမြတ်ဒေါသထွက်သော နေ့အဖြစ် တောင်းဆိုခဲ့သည်။

ဇူလိုင် ၃၀ ရက်တွင် ဘေရွတ်မြို့၏တောင်ပိုင်း ဆင်ခြေဖုံး၌ အစ္စရေးတိုက်ခိုက်မှု ထိမှန်ခဲ့သော အဆောက်အအုံထဲတွင် တပ်မှူးကြီး ဖူအက်ရှုခါ သေဆုံးသွားခဲ့သည်။ ၎င်းကို သြဂုတ် ၁ ရက်တွင် မြှုပ်နှံခဲ့သည်။

ဖူအက်ရှုခါ၏ စျာပနတွင် ဟစ်ဇဘိုလာ အကြီးအကဲ ဟာဆန်နာဆရယ်လာက မိန့်ခွန်းပြောကြားခဲ့သည်။

“အစ္စရေးနဲ့ အခုလုပ်ကြံမှုရဲ့ နောက်ကွယ်မှာရှိနေတဲ့ သူတွေဟာ ကျွန်တော်တို့ရဲ့ မလွှဲမရှောင်သာ တုံ့ပြန်မှုကို စောင့်နေကြရတော့မှာပါ”ဟု နာဆရယ်လာက ပြောကြားခဲ့ပြီး ဖူအက်ရှုခါနှင့်ဟာနီယက်တို့သည် နာရီ ပိုင်းသာခြားပြီး သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ခင်ဗျားဟာ ဘယ်မျဉ်းနီကို ဖြတ်ခဲ့သလဲ ဆိုတာကို ခင်ဗျားမသိပါဘူး”ဟု နာဆရယ်လာက ပြောကြားခဲ့သည်။ ဘေရွတ်တောင် ပိုင်းရပ်ကွက်တစ်ခု တိုက်ခိုက်ခံရစဉ် ရှုခါသေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဟစ်ဇဘိုလာခေါင်းဆောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစ္စရေး၏ ဇူလိုင် ၃၀ ရက် တိုက်ခိုက်မှုအတွင်း ရှုခါသေဆုံးသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြော ကြားခဲ့သည်။ ရှုခါသည်  ဇူလိုင် ၂၇ ရက်တွင် ဂိုလန်ကုန်းမြင့်ကို တိုက်ခိုက်ရာတွင် တာဝန်ရှိသော ဟစ်ဇဘိုလာတပ်မှူးဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ဂိုလန်ကုန်းမြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူငယ် ၁၂ ဦး သေဆုံးခဲ့သည်။  

“အစ္စရေးဟာ ခံစစ်နဲ့ထိုးစစ် ဘယ်အခြေအနေမျိုးအတွက်မဆို ပြင်ဆင်မှုအနေအထား အလွန်မြင့်မား ပါတယ်”ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ကို တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်တို့က ပြန်တိုက်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အီရန်တာဝန်ရှိသူများသည် တော်လှန်ရေး အုပ်စုများဟုခေါ်သည့် မဟာမိတ်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဇူလိုင် ၃၁ ရက်တွင် တီဟီရန်၌ တွေ့ဆုံခဲ့ပြီး နောက်လာမည့် အဆင့်များကို ဆွေးနွေးခဲ့ကြသည်ဟု ဟစ် ဇဘိုလာ သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။                

Ref:AFP

 

Most Read

Most Recent