နိုင်ငံ၏မြောက်ပိုင်း စစ်မျက်နှာ၌ ဟစ်ဇဘိုလာကို ထိုးစစ်ဆင်ရန် အဆင်သင့်ဖြစ်နေဟု အစ္စရေးပြောကြား

နိုင်ငံ၏မြောက်ပိုင်း စစ်မျက်နှာ၌ ဟစ်ဇဘိုလာကို ထိုးစစ်ဆင်ရန် အဆင်သင့်ဖြစ်နေဟု အစ္စရေးပြောကြား
Published 19 June 2024

ဇွန် ၁၉ ရက်တွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုများ၊ အစ္စရေးတပ်များနှင့် ပါလက် စတိုင်းစစ်သွေးကြွများ ဖြစ်ပွားနေသော တိုက်ပွဲများက ဂါဇာကို တုန်လှုပ်စေခဲ့ချိန်တွင် အစ္စရေးစစ်တပ်က နိုင်ငံမြောက်ပိုင်း စစ်မျက် နှာ၌ ဟစ်ဇဘိုလာကို ထိုးစစ်ဆင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ရာဖာကို ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးသွားခဲ့သည်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။

အစ္စရေးသည် ရာဖာကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိစဉ် နယ်စပ်၌လည်း ဟစ်ဇဘိုလာနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိ သည်။

အစ္စရေးနှင့်ဟစ်ဇဘိုလာသည် အောက်တိုဘာကတည်းက လက်ဘနွန်နှင့် အစ္စရေးနယ်စပ်ဒေသတွင် နေ့စဉ် အပြန်အလှန်ပစ်ခတ်မှုများရှိနေသည်။

ထို့ကြောင့် လက်ဘနွန်ထိုးစစ်အတွက် စစ်ဆင်ရေးဆိုင်ရာအစီအမံများကို အတည်ပြုခဲ့ပြီးတရား ဝင်ဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဟု ဇွန် ၁၇ ရက်ညပိုင်းတွင် အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇဘိုလာနေရာများကို တိုက်ခိုက်ခဲ့သည်ဟု ဇွန် ၁၉ ရက်တွင် အစ္စရေးစစ်တပ်က ပြောသည်။   

Ref:AFP

Most Read

Most Recent