အီတလီနှင့်ပွဲတွင် နာကျင်အချိန်ပို (၈) မိနစ်အထိ ပေးခဲ့သည့် ကွင်းလယ်ဒိုင်အား ခရိုအေးရှားနည်းပြ ဒါလစ် အပြစ်တင်

အီတလီနှင့်ပွဲတွင် နာကျင်အချိန်ပို (၈) မိနစ်အထိ ပေးခဲ့သည့် ကွင်းလယ်ဒိုင်အား ခရိုအေးရှားနည်းပြ ဒါလစ် အပြစ်တင်
Photo : Getty Images
Photo : Getty Images
Published 27 June 2024

ခရိုအေးရှားနည်းပြ ဒါလစ်က အီတလီနှင့်ကစားခဲ့သည့် အုပ်စု (B) နောက်ဆုံးပွဲစဉ်တွင် နာကျင်အချိန် ပို (၈) မိနစ်အထိပေးခဲ့သည့် ကွင်းလယ်ဒိုင်အား အပြစ်တင်ခဲ့သည်။

ဇွန် (၂၄)ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ အုပ်စု (B) နောက်ဆုံးပွဲစဉ် ခရိုအေးရှား (၁-၁) အီတလီပွဲ၌ ခရိုအေးရှားအသင်းသည် ပွဲပြီးခါနီးအထိ (၁-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက် ရန် အခြေအနေကောင်းခဲ့သည်။

သို့သော် ယင်းပွဲတွင် နာကျင်အချိန်ပို(၈)မိနစ်အထိ ပေးခဲ့ပြီး နောက်ဆုံးမိနစ်တွင် အီတလီအသင်းက ချေပဂိုးသွင်းခဲ့ခြင်းဖြစ်သည်။

ယင်းပွဲသရေရလဒ်ကြောင့် ခရိုအေးရှားအသင်းမှအုပ်စုအဆင့်မှထွက်ခွာခဲ့ရသည်။ ပွဲအပြီးတွင် ဒါလစ်က "ဒိုင်လူကြီးက ကျွန်တော်တို့ တစ်ပွဲလုံးထိုးနှက်ခဲ့တယ်။ ဘာလို့ နာကျင်အချိန်ပို (၈)မိနစ်ထိ ပေးရတာလဲ။ လူစားလဲတာနဲ့ VAR ကြည့်တာကို ထည့်တွက်မယ်ဆိုရင်တောင် နာကျင်အချိန်ပိုက (၃)မိနစ်နဲ့ (၄) မိနစ်ပဲ ဖြစ်သင့်တာပါ"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent