တရုတ်အပေါ် စိုးရိမ်မှုများ ကြီးထွားလာစဉ် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အပြီးသတ်နိုင်ရန် ဂျပန်နှင့် ဖိလစ်ပိုင် ကြိုးပမ်း

တရုတ်အပေါ် စိုးရိမ်မှုများ ကြီးထွားလာစဉ် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အပြီးသတ်နိုင်ရန် ဂျပန်နှင့် ဖိလစ်ပိုင် ကြိုးပမ်း
နိုဝင်ဘာ ၃ ရက်က မနီလာမြို့ရှိ မာလာကာနန်အိမ်တော်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ(ယာ)နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ဝဲ) တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
နိုဝင်ဘာ ၃ ရက်က မနီလာမြို့ရှိ မာလာကာနန်အိမ်တော်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ(ယာ)နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ဝဲ) တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 29 June 2024

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်နှင့် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးရန် လာမည့်ဇူလိုင်လ အတွင်း မနီလာမြို့$ ဖိလစ်ပိုင်နှင့် ဂျပန်တို့ ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြား ရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ပြော ကြားခဲ့သည်။

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင် လယ်၌ တရုတ်၏လုပ်ရပ်များအပေါ် စိုးရိမ်မှု များ မြင့်တက်လျက်ရှိစဉ် ဖိလစ်ပိုင်၏ ပြော ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇူလိုင် ၈ ရက်တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ကာမိကာဝါယိုကို၊ ကာကွယ်ရေးဝန်ကြီး ကိဟာရ မိနိုရုနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး အင်ရီကေး မာနာလို၊ ကာကွယ်ရေး ဝန်ကြီး ဂီဘာတို တီယိုဒိုယိုတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

ယင်းတွေ့ဆုံမှု၏ အသေးစိတ် အ ကြောင်းအရာများကို လူသိရှင်ကြားထုတ်ပြန် ခြင်းမရှိသော်လည်း ယင်းတွေ့ဆုံမှုအတွင်း အရေးပါသော ကာကွယ်ရေးဆိုင်ရာ သဘော တူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်ရန် ကြိုး ပမ်းလျက်ရှိကြောင်း ဂျပန်နှင့် ဖိလစ်ပိုင်တာ ဝန်ရှိသူများက AP သတင်းဌာနသို့ပြောကြား ခဲ့သည်။

          ယမန်နှစ်က မနီလာသို့ သွားရောက်ခဲ့ သည့် ခရီးစဉ်$ ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒ နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် နှစ်ဖက် တပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖြန့်ကြက်ခွင့် ပြုမည့် ကာကွယ်ရေးသဘောတူညီချက် တစ် ရပ်အတွက် ဆွေးနွေးမှုများစတင်ရန် သဘော တူခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ ခိုင်မာအားကောင်းအောင်လုပ် ဆောင်ခဲ့သည်။

          ယင်းသဘောတူညီချက်အရ လေ့ကျင့် ရေးနှင့် အခြားသော မစ်ရှင်များအတွက် တပ် ဖွဲ့ဝင်များ အပြန်အလှန် စေလွှတ်နိုင်ရေးကို တရားဝင်ခွင့်ပြုသည့် အခြေခံအကြောင်းအ ရင်းကို ဖန်တီးသွားမည်ဖြစ်သည်။

          ယင်းသည် ဒေသတွင်း$ တရုတ်က သြ ဇာတိုးမြှင့်ဖြန့်ကြက်မှုဟု ယူဆသော လုပ်ရပ် များနှင့် ရင်ဆိုင်နေရစဉ် နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းမှုတစ်စိတ် တစ်ဒေသဖြစ်သည်။

          အဆိုပြုထားသော ကာကွယ်ရေးဆိုင် ရာ သဘောတူညီချက်သည် နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေးနှင့် တပ်ဖွဲ့ဝင်များအတွက်သာ မက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုထိန်း သိမ်းရာတွင်လည်း အကျိုးပြုလိမ့်မည်ဖြစ် ကြောင်း မားကို့စ်က ယမန်နှစ်တွင် ပြောကြား ခဲ့သည်။

          ဂျပန်အနေဖြင့် ကင်းလှည့်ရေယာဉ်များ နှင့် ကာကွယ်ရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေစိုးမိုးမှု ထိန်းသိမ်းရေးစွမ်းရည်များ တိုး တက်လာအောင် အကူအညီ ပေးသွားမည်ဖြစ် ကြောင်း ကိရှိဒက ၎င်းင်းခရီးစဉ်အတွင်း ပြော ကြားခဲ့သည်။

          ယန်းသန်း ၆၀၀ (ဒေါ်လာလေးသန်း) တန်ကြေးရှိ လုံခြုံရေးအကူအညီပေးမှု အစီ အစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်က ဖိ လစ်ပိုင်ကို ကမ်းရိုးတန်းဒေသ စောင့်ကြည့် ရေး ရေဒါစနစ်ကိုလည်း ထောက်ပံ့သွားမည် ဟု ကြေညာခဲ့သည်။ ကိရှိဒသည် ၂၀၁၇ ခုနှစ် နောက်ပိုင်း ဖိလစ်ပိုင်သို့ သွားရောက်သည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်သည်။

          ဂျပန်သည် ဒုတိယကမ္ဘာစစ်ကာလက ဖိလစ်ပိုင်ကို ကျူးကျော်သိမ်းပိုက်ခဲ့သော် လည်း ၎င်းင်းနှစ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ဆက်ဆံရေးပိုမိုနီးကပ်လာခဲ့သည်။ ၎င်းင်းနှစ် နိုင်ငံသည် ဒေသတွင်း$ တရုတ်၏သြဇာလွှမ်း မိုးမှုကို တန်ပြန်ရန် ကြိုးပမ်းနေသည့် နိုင်ငံ များလည်းဖြစ်သည်။

          ဂျပန်သည် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းများနှင့်ပတ်သက်၍ တရုတ်နှင့် နယ်မြေ အငြင်းပွားမှုများ ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့ သည်။                             

Photo: AFP

Ref: AP

Most Read

Most Recent