အေးဂျင့်များ လေ့ကျင့်ရေးကွင်းသို့မလာရန် နာဂယ်စ်မန်း ပိတ်ပင်ထား

အေးဂျင့်များ လေ့ကျင့်ရေးကွင်းသို့မလာရန် နာဂယ်စ်မန်း ပိတ်ပင်ထား
Published 1 July 2024

ဂျာမနီလက်ရွေးစင်အသင်း၏နည်းပြ နာဂယ်စ်မန်းသည် ကစားသ မားများ၏ အေးဂျင့်များအား လေ့ကျင့် ရေးကွင်းသို့ လာရောက်လည်ပတ်ခြင်း မပြုရန် တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

လက်ရှိအချိန်မှာ နွေရာသီအပြောင်းအရွှေ့ကာလဖြစ်သောကြောင့် အေးဂျင့်များနှင့် တွေ့ဆုံခြင်းဖြင့် ကစားသမားများ အာရုံပျံ့လွင့်မှုမရှိစေရန် နာဂယ်စ်မန်းက ယခုကဲ့သို့ စည်းမျဉ်းချမှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

"အသင်းရဲ့ အခြေစိုက်လေ့ကျင့်ရေးကွင်းထဲ ဘယ်သူတွေကို ဝင်ခွင့်ပြုပြီး ဘယ်သူတွေ ဝင်ခွင့်မရဘူးလည်းဆိုတာက ရှင်းလင်းတဲ့ စည်းမျဉ်းပါပဲ။ အေးဂျင့်တွေလိုပဲ အကြံပေးတွေလည်း ဝင်ခွင့်မရတဲ့အထဲ ပါပါတယ်။ ဒီစည်းမျဉ်းကို ကစားသမား အားလုံး သိထားသလို၊ အေးဂျင့်အားလုံးလည်း သိထားပါတယ်"ဟု နာဂယ်စ်မန်းက ပြောကြားခဲ့သည်။

ထို့ ပြင် "ကစားသမားတွေက သူတို့ရဲ့ အနာဂတ်အကြောင်း တွေးကြမှာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီအချိန်မှာ ပြိုင်ပွဲကို အာရုံစိုက်ထားဖို့ ကျွန်တော် သတိပေးထားပါတယ်။ ကစားသမားတိုင်းကလည်း ဒါကို သိနားလည်ဖို့ လုံလောက် တဲ့အသက်အရွယ်မှာ ရှိနေကြပါတယ်"ဟု ဆက်လက်ပြောကြားခဲ့သည်။

နာဂယ်စ်မန်းသည် ကစားသမားများနှင့် ၎င်း၏အေးဂျင့်တို့ ဖုန်းဖြင့် ဆက်သွယ်ခြင်းကိုမူ တားမြစ်ပိတ်ပင်ထားခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent