နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ရခိုင်အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို UEC  ငြင်းပယ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ရခိုင်အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို UEC  ငြင်းပယ်
Published 2 July 2024

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိသဖြင့် ရခိုင်အမျိုးသားပါတီ၏ ပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ငြင်းပယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသား ပါတီ (Arakan National Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၄) ဆုံးဖြတ်ချက်အရ ရခိုင်အမျိုး သားပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထား ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဆ) ဖြင့် ငြင်း ပယ်လိုက်ကြောင်း UEC ၏ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

UEC အနေဖြင့် ပါတီဆက်လက် တည် ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မေ ၇ ရက်ကလည်း ဒီမိုကရေစီပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ် မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိ ကြောင်း တွေ့ရှိရသဖြင့် ယင်းပါတီ၏ ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ)ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

ထို့ပြင် မေ ၁၄ ရက်ကလည်း ချင်းပြည် သူ့ပါတီ၏ လျှောက်ထားချက်အပေါ် သက် ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြား ချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ယင်း ပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထား ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဂ)ဖြင့် ငြင်းပယ်လိုက် ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ထို့အတူ မေ ၂၁ ရက်ကလည်း နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ ၏ လျှောက်ထား ချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီ များမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရ သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်စုံညီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်း ပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC က ထုတ် ပြန်ထားသည်။

Most Read

Most Recent