၂၀၂၃ ခုနှစ်အတွင်း CTFMR  က ပေးပို့ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်ရှိသူ ၁၂၀ ဦးကို အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်မည်

၂၀၂၃ ခုနှစ်အတွင်း CTFMR  က ပေးပို့ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်ရှိသူ ၁၂၀ ဦးကို အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်မည်
Published 4 July 2024



၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်သူစုစုပေါင်း ၁၂၀ ဦးကို အမှုတွဲ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြောကြားသည်။

ဇူလိုင် ၃ ရက်က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်း အဝေး (၁/၂၀၂၄) တွင်  ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင် အောင်စန်းက ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၅ ရက် တွင် အရွယ်မရောက်သေးသူ ကလေးသူ ငယ် များအား စစ်မှုထမ်းခြင်းမှ ထိန်းသိမ်းရေး ကော် မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ကော်မ တီ၏ အဓိကတာဝန်ဖြစ်သည့် တပ်မတော်အ တွင်း အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး၊ တပ်မတော်သို့ တာဝန် ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယ ဖြစ်ဖွယ် လူငယ်များကို လက်ခံမှုမရှိစေရေးနှင့် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ် သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန် လည်လွှဲပြောင်းပေးရေးများ ဆောင်ရွက်ခဲ့ပါ ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မ တော် (ကြည်း) ပါဝင်နေခြင်းအား စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR)  တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီ မံချက်  plan of action ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

စီမံချက်အရ CTFMR နှင့် ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့ သည့် အသက်မပြည့် စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ တပ်မတော် နှင့် CTFMR ပူးပေါင်းအဖွဲ့ဖြင့် မိဘအုပ် ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့် သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ် ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ဦးကို CTFMR သို့ ဆက်သွယ်၍ အမှုတွဲတိုက်ဆိုင်စစ်ဆေး ပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင် ရွက်ရန်နှင့် မှန်ကန်မှု မရှိပါက စာရင်းမှပယ်ဖျက် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 လက်ရှိတွင် တပ်မတော်အနေဖြင့် တပ် သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မ ရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် CTFMR တို့ သဘောတူ သတ် မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း အလေးထားလိုက်နာ စုဆောင်းလျက်ရှိကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပ လျက်ရှိပြီး ကော်မတီ၏ ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှု မရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို CTFMR သို့ အသိပေးအကြောင်းကြားလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

ယင်းအပြင် အရွယ်မရောက်သေးသူ က လေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီးထိန်းသိမ်းရေးကော်မတီမှ CTFMR နှင့် ယခင်အတိုင်း ဆွေးနွေးမှုများအား စဉ်ဆက် မပြတ် ပူးပေါင်းဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် တွင် CTFMR နှင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘော တူညီချက်အရ နည်းပညာပူးတွဲဥက္ကဋ္ဌ Technical Co-Chairs) အဖွဲ့နှင့် အဖွဲ့ငယ်အဆင့် တွေ့ဆုံဆွေးနွေးခြင်း (Small Team Meeting)

ဖြင့် နှစ်ဖက်တိုက်ဆိုင် စာရင်းရှင်းလင်းစစ်ဆေး အတည်ပြုရန်ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့် နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိ ရာ ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ် ရာတွင် အသက် ၁၈ နှစ် မပြည့်သူများမပါရှိစေ ရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အသီး သီးမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။ 

ယခုနှစ် ထုတ်ပြန်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့် ဆက် စပ်နေသည့်အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီး လေးသော ကျူးလွန်မှု ခြောက်ရပ်တို့ကို တပ်မ တော်ကကျူးလွန်ကြောင်း စွပ်စွဲဖော်ပြထား သည်ကို တွေ့ရှိရကြောင်း ၊ ၂၀၂၃ ခုနှစ်အတွင်း CTFMR က စုံစမ်းသည့် အသက်မပြည့်သူဟု သံသယရှိသူ စုစုပေါင်း ကိုးဦးသာရှိကြောင်း အကြောင်းကြားခဲ့သော်လည်း ယခုနှစ် အစီရင် ခံစာတွင် အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြထား သည်ကို တွေ့ရှိရပါသဖြင့် အဆိုပါအစီရင်ခံစာ ကို  ကန့်ကွက်ကြောင်းနှင့် တုံ့ပြန်သည့် အချက် အလက်များကို ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ်ရုံး Office of the Special Representative of the Secretary-General for Children and Armed Conflict-UNSRSG) သို့ ပေးပို့ခဲ့ပြီး ဖြစ်သည့်အပြင် နိုင်ငံပိုင်၊ ရုပ်မြင်သံကြား၊ သ တင်းစာများတွင် တရားဝင်သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စား လှယ်များက အရွယ်မရောက်သေးသူကလေး သူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent