ထိုင်း-မြန်မာ နယ်စပ်အနီး မဲဆောက်ခရိုင် သစိုင်းလိတ်မြို့နယ် အမှတ် ၃ ဘန်သရက်ရွာတွင် တရားမဝင် ဖုန်း ၁၀၆၂လုံး ဖမ်းဆီးရမိ

ထိုင်း-မြန်မာ နယ်စပ်အနီး မဲဆောက်ခရိုင် သစိုင်းလိတ်မြို့နယ် အမှတ် ၃ ဘန်သရက်ရွာတွင် တရားမဝင် ဖုန်း ၁၀၆၂လုံး ဖမ်းဆီးရမိ
Published 13 June 2024

ထိုင်း-မြန်မာ နယ်စပ်အနီး မဲဆောက်ခရိုင် သစိုင်းလိတ်မြို့နယ် အမှတ် ၃ ဘန်သရက်ကျေးရွာ တွင် မြန်မာ နိုင်ငံဘက်သို့ ပို့ဆောင်မည်ဟု ယူဆရသော တရားမဝင် ဖုန်း ၁၀၆၂ လုံးကို ဇွန်လ ၁၃ ရက် က ဖမ်းဆီးရမိကြောင်း မဲဆောက်ခရိုင် အထူးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထိုင်း-မြန်မာ နယ်စပ်၊သောင်ရင်းမြစ်ကမ်းစပ်တလျှောက် တွင် မဲဆောက်ခရိုင်အထူးတပ်ဖွဲ့မှ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေစဉ် သစိုင်းလိတ်မြို့နယ် အမှတ် ၃ ဘန်သရက်ကျေးရွာ နယ်မြေ၌ မသင်္ကာဖွယ် ပါဆယ်ထုပ်တစ်ဗူး တွေ့ရှိ၍စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟုဆိုသည်။

လုံခြုံရေးအဖွဲမှ အဆိုပါ ပါဆယ်ထုပ်အားဖွင့်ဖောက်စစ်ဆေးရာ ကပ်ထူသေတ္တာ ၈ လုံးတွေ့ရှိပြီး ေ KLK-T108 နှင့် တရုတ်စာများရေးသားထားပြီး ဖုန်း၁၀၆၂ လုံးကိုတွေ့ရှိခဲ့ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ ဖုန်များကို ပိုင်ရှင်မဲ့အဖြစ် သိမ်းခဲ့ကြောင်း နှင့် တရားမဝင် ဖုန်းသယ်ဆောင်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။

Photo.Thai News

Most Read

Most Recent