ရန်ကုန်ရွှေအသင်းဥက္ကဌနှင့် အတွင်းရေးမှူး ထိန်းသိမ်းခံရခြင်းမှာ သတင်းအမှားသာဖြစ်

ရန်ကုန်ရွှေအသင်းဥက္ကဌနှင့် အတွင်းရေးမှူး ထိန်းသိမ်းခံရခြင်းမှာ သတင်းအမှားသာဖြစ်
Published 11 June 2024

ရန်ကုန်ရွှေအသင်းဥက္ကဌနှင့် အတွင်းရေးမှူး ထိန်းသိမ်းခံရခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်သည်။

လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဖြစ်သူ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူထိန်းသိမ်းထားသည်ဟု ဖော်ပြမှုများအပေါ် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မဟုတ်မှန်ကြောင်း ထုတ်ပြန်ကာ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

လတ်တလောတွင် ရွှေဈေးကစားသည်ဆိုသည့် ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေကုန်သည်များကို ဖမ်းဆီးခြင်းများသာ ရှိနေသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ရွှေပေါက်ဈေးများကို ထုတ်ပြန်ပေးလျက်ရှိပြီး ယင်းဈေးနှုန်းဖြင့်သာ ရောင်းချပေးရန် ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများကို မေတ္တာရပ်ခံထားသည်။

Most Read

Most Recent