မရေရာသောခရီးနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ဘဝအမောများ

မရေရာသောခရီးနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ဘဝအမောများ
ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အပါအဝင် တရား မဝင်အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားကို  ဖမ်းဆီးစစ်ဆေးနေမှု မြင်ကွင်း (Photo: Thai News)
ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အပါအဝင် တရား မဝင်အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားကို  ဖမ်းဆီးစစ်ဆေးနေမှု မြင်ကွင်း (Photo: Thai News)
Published 22 June 2024
ကိုရွှေသိန်း

ဒေသတွင်းမှာ အလုပ်အကိုင် ရှားပါးလာတာ၊ မိုးပျံပူဖောင်းစီးသ လိုမြင့်တက်လာတဲ့ ကုန်စျေးနှုန်း တွေကြောင့် မိသားစုခါးလှဖို့ထက် ဝမ်းဝရုံရုန်းကန်နေရချိန်မှာ တစ် ဖက်နိုင်ငံကို ထွက်ခွာအလုပ်သွား လုပ်ကြတာလည်း လူငယ်တွေရဲ့ ထွက်ပေါက်တစ်ခုလိုဖြစ်လာနေပါ တယ်။

ပြည်တွင်းဒေသအတော်များ များမှာဖြစ်ပွားနေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် စက်ရုံ အလုပ်ရုံတွေ ပုံမှန်လည်ပတ်နိုင်စွမ်း မရှိလို့ လုပ်သားလျှော့ချတာတွေ ကလည်းအများသား။ တိုက်ပွဲတွေ ကြောင့် စစ်ရှောင်ဘဝရောက်ရတာ တွေက လူငယ်တွေရဲ့အနာဂတ်ကို ဝေ၀ါးစေပါတယ်။

          ခုလိုပြည်တွင်းမှာ လူငယ်လူ ရွယ်တွေ အလုပ်လက်မဲ့များပြား လာချိန် နိုင်ငံရဲ့ဥပဒေသစ်တစ်ရပ် ကြောင့်လည်း လူကယ်ရီပွဲစားတွေ အတွက် အချက်တစ်ခုဖြစ်လာတယ် လို့ အလုပ်သားအရေးကူညီဆောင် ရွက်နေသူတွေက ဆိုပါတယ်။

          “လူကယ်ရီပွဲစားဆိုတာ ကမ္ဘာ မီးလောင်သားကောင်ချနင်းဆိုသ လိုမျိုး၊ ခုလိုလူငယ်တွေရဲ့အနာဂတ် ဝေ၀ါးနေချိန်မှာ ထိုင်းနဲ့ မလေးရှား နိုင်ငံကို အခေကြးငွေအမြောက်အ မြားယူပြီး တရားမဝင်လုပ်သားပို့ ဆောင်နေကြတဲ့ ပွဲစားတွေကအဓိ ကဇာတ်ကောင်နေရာကနေ ပါဝင် နေတယ်”လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

          “ပွဲစားတွေဆိုတာ ကမ္ဘာမီး လောင်သားကောင်ချနင်းဆိုသလို ပေါ့။ ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို ဝင်ပေါက်အမျိုးမျိုးကနေ လုပ်သား ခိုးသွင်းတဲ့အထဲမှာ ပွဲစားတွေက အဓိကဇာတ်ကောင်နေရာကနေ ပါဝင်တယ်။ အဓိကပစ်မှတ်ထား တာကတော့ ထိုင်းနိုင်ငံပေါ့။ အဲဒီပွဲ စားတွေက ရွာပွဲစား၊ နယ်ပွဲစား၊ ခရိုင်ပွဲစားတွေ အဆင့်ဆင့်ရှိလာ တယ်။ သူတို့တွေ သက်ဆိုင်ရာဌာန၊ လူကြီးတွေနဲ့ အပူးအကပ်အခွာ တတ်ကြတယ်။ လူကြီးတွေနဲ့ငွေပေး ပြီးတော့လည်းပေါင်းနိုင်တယ်။ တ ရားမဝင်လမ်းကြောင်းကနေ များ များထွက်လေ များများဖမ်းဆီးခံရ လေပါပဲ” လို့ ဦးမိုးကြိုးက ပြောဆိုခဲ့ ပါတယ်။

          ထိုင်းနိုင်ငံအတွင်းမှာ တရားမ ဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အပါအဝင် တရားမဝင်အထောက် အထားမဲ့ နိုင်ငံခြားသားအလုပ်သ မား ၂၆၀၀၀ ကျော်ကို တစ်ပတ်အ တွင်း ဖမ်းဆီးအရေးယူခဲ့နိုင်ခဲ့တယ် လို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေး ဌာနက သတင်းထုတ်ပြန်ထားတယ် လို့ ဆိုပါတယ်။

          ထိုင်းနိုင်ငံအစိုးရရဲ့ (ရက် ပေါင်း ၁၂၀) တရားမဝင် အလုပ်သ မားပပျောက်ရေးစီမံချက်အရ ပြီးခဲ့ တဲ့ ဇွန် ၅ ရက်နေ့ကနေ ဇွန်လ ၁၂ ရက်အတွင်းမှာ ထိုင်းတာဝန်ရှိသူ တွေဟာ နိုင်ငံအတွင်းမှာရှိတဲ့စက် ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာကို ဝင်ရောက်စစ်ဆေး မှုတွေပြုလုပ်ခဲ့ရာမှာတော့ ခုလိုတ ရားမဝင် မြန်မာလုပ်သား ၂၀၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

          တရားမဝင်အလုပ်သမားပ ပျောက်ရေးစီမံချက် စစ်ဆေးရေး အဖွဲ့ရဲ့စစ်ဆေးမှုတွေအရ မြန်မာ နိုင်ငံသား ၂၀၁၁၁ ဦး၊ ကမ္ဘောဒီး ယားနိုင်ငံသား ၃၉၇၁ ဦး၊ လာအို နိုင်ငံသား ၁၆၅၉ ဦးနဲ့ အခြားနိုင်ငံ သား ၄၄၄ ဦးအပါအဝင် စုစုပေါင်း တရားမဝင်နိုင်ငံခြားသားအလုပ် သမား ၂၆၁၈၉ ဦးကို တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်ခြင်း အ ထောက်အထားမရှိခြင်းနဲ့ အ ထောက်အထား မပြည့်စုံခြင်းတို့ ကြောင့် ဖမ်းဆီးခံခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။

          ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနက် တရားစွဲ ဆိုခံထားရသူ ၂၄၀ မှာ မြန်မာနိုင်ငံ သား ၁၉၀၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှစ်ဦးနဲ့ အခြားနိုင်ငံသားလေးဦးတို့ပါဝင်ပါ တယ်။

          အခြားဖမ်းဆီးခံရတဲ့ အလုပ် သမားတွေကိုတော့ ပြစ်မှုအလိုက် ဒဏ်ငွေရိုက်တာ၊ ပြည်နှင်ဒဏ်ပေး တာစသည့် အရေးယူမှုတွေလုပ် ဆောင်လျက်ရှိနေပြန်တယ်။

          နိုင်ငံအတွင်းရောက်နှင့်နေ တဲ့ အလုပ်သမားတွေ၊ လုပ်ငန်းခွင် ဝင်နေတဲ့ အလုပ်သမားတွေဖမ်း ဆီးခံရမှုရှိသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာစဉ် အချိန်ကာလမှာ ဖမ်းဆီးခံရမှုတွေလည်း နေ့စဉ် ဆယ်ချီ၊ ရာချီရှိနေပါတယ်။ စစ် ဆေးမခံဘဲ ထွက်ပြေးလို့ယာဉ်မ တော်တဆဖြစ်ပြီး အသက်ဆုံးရှုံး တာတွေ၊ တောလမ်းခရီးမှာ အစာ ပြတ်ရေပြတ်နဲ့ အတိဒုက္ခရောက် ကြသူတွေလည်း ရှိနေပါတယ်။

          အပြောကြွယ်တဲ့ ပွဲစားစကား အယုံလွယ်မိလို့ဆိုတာထက် ကိုယ် ကိုယ်တိုင်ကရှောင်ချင်၊ လာချင် စိတ်ပြင်းပြနေတော့ မရေရာတဲ့ခရီး လမ်းက ဘဝအမောတွေကိုရင် စည်းခံရင်း ဘယ်အချိန်အဖမ်းခံရမ လဲလို့ တွေးကြောက်နေကြရတယ် လို့ လမ်းစရိတ်ပွဲစားခ ဘတ် ၂၁၀၀ ၀၊ မြန်မာကျပ်ငွေနဲ့ဆိုရင်၂၅ သိန်း ပေးပြီး ထိုင်းကိုတက်လာသူတစ်ဦး ကပြောပါတယ်။

          “ပွဲစားခ ဘတ် ၂၁၀၀၀ ပေးရ တယ်။ မြဝတီကနေလာခေါ်တာ။ သောင်ရင်းမြစ်ကို ဂိတ်တစ်ခုကကူး တယ်။ မဲဆောက်ဘက် အခန်းတစ် ခုရောက်တော့ ကျွန်တော်တို့လိုလူ ငယ်တွေ ၂၀ ကျော်လောက်ရှိမယ်။ ညဘက်ရောက်တော့ ကားနဲ့ခေါ် လာတာဘဲ။ ကားပေါ်ကဆင်းပြီး တောလမ်းအတိုင်း လမ်းတွေလည်း လျှောက်ရတယ်။ အဖမ်းမခံရတာပဲ ကံကောင်း။ ကျွန်တော်တို့ နောက်မှ ထွက်လာတဲ့ကား အဖမ်းခံရတယ် လို့သတင်းသဲ့သဲ့ကြားပါတယ်။ ခု လည်း အလုပ်သာလုပ်နေရတယ်။ ဘာအထောက်အထားမှမရှိတော့ ဘယ်တော့အဖမ်းခံရမလဲ စိုးရိမ် စိတ်နဲ့ ပူနေရပါတယ်” လို့ဆိုတယ်။

          ဒါ့အပြင် စစ်မှုထမ်းဥပဒေ ကြောင့် နိုင်ငံရပ်ခြားကိုထွက်ကြတဲ့ နေရာမှာ လူငယ်တွေရဲ့အခက်လူ ကယ်ရီပွဲစားတွေရဲ့အချက်ဖြစ်နေ ကြောင်း မြန်မာပြည်သားများအ ရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြော ကြားခဲ့ပါတယ်။

          ဓစစ်မှုထမ်းဥပဒေကြောင့် အရွယ်ကောင်းတဲ့ လူငယ်မောင် မယ်တွေ အိမ်နီးချင်းထိုင်းနိုင်ငံကို အပြေးအလွှားပြေးဝင်ကြတယ်။ တစ်ဘက်မှာလည်း MOU လုပ်ငန်း စဉ်တွေက ခြောက်လကနေတစ် နှစ်အထိကြာတယ်။ လုပ်ထုံးလုပ် နည်းတွေက ကြန့်ကြာနှောင့်နှေး တယ်။ အဲဒီတော့ တရားမဝင်လမ်း ကြောင်းကိုပဲရွေးချယ်ပြီး အမြန် ရောက်ချင်ဇောနဲ့လာကြတယ်။ ပွဲ စားကနေတစ်ဆင့် ဟိုရောက်ဒီ ရောက် ထိုင်းနိုင်ငံနေရာအနှံ့ကို ရောက်၊ စာရွက်စာတမ်းအထောက် အထားမရှိတဲ့သူရယ်၊ မပြည့်စုံတဲ့ သူတွေကို ထိုင်းလဝကတွေဟာ ဆည်ဝက ဗျိုင်းစောင့်သလိုဖမ်းဆီး နေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာရွက်စာတမ်းမရှိသူနဲ့ မပြည့်စုံဘဲ အလုပ်လုပ်ရင်တော့ ထိုင်းဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀ အထိဒဏ် ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ ဖမ်းဆီးရုံးတင်သူပေါ်မူတည်ပြီး တစ်ရပ်ကိုဘတ် ၅၀၀ နှုန်းနဲ့ဒဏ် ဆောင်ရမယ်။ ဒဏ်ငွေမပေးနိုင် ရင်ထောင်ဒဏ်ကျခံရမယ်။ နေရပ် နိုင်ငံပြန်ပို့ခံရရင် နှစ်နှစ် ပြန်ဝင်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။ နှစ်နှစ် မပြည့်ဘဲ ထိုင်းနိုင်ငံထဲကိုပြန်ဝင် လာရင်တော့ ပြစ်ဒဏ်ဟောင်း ထောင်ဒဏ်နှစ်နှစ်ကိုပါ တစ်ပေါင်း တည်းပြစ်ဒဏ်ကျခံရမယ်၊၊ ဒီတော့ MOU လုပ်ငန်းစဉ်ဟာ ကြန့်ကြာနေ ပေမဲ့ မေရရာတဲ့တရားမဝင်လမ်း ကြောင်း၊ အသက်ဆုံးရှုံးကြတဲ့အထိ အလောင်းအစားကြီးတဲ့ တရားမ ဝင်လမ်းကြောင်းနဲ့ မလာကြဘဲ MOU လုပ်သားအဖြစ်နဲ့ သာဝင် ရောက်ကြဖို့ တိုက်တွန်းချင်ပါ တယ်” လို့ ဦးမိုးကြိုးကပြောဆိုခဲ့ပါ တယ်။

          တရားမဝင်လုပ်သားတွေကို အထောက်အထားပြုလုပ်ပေးမယ် ဆိုတဲ့သတင်းစကားကို လူကယ်ရီပွဲ စားတွေက ညွှတ်ကွင်းတစ်ခုလိုအ သုံးပြုလာတာကနေ ဥပဒေသစ်ကို ရှောင်လွှဲချင်တဲ့ လူငယ်လူရွယ်တွေ ကို ထိုင်းမှာလုပ်သားလိုအပ်ချက် မြင့်မားနေတယ်လို့ မက်လုံးပေး စည်းရုံးလာခဲ့တဲ့အတွက် တရားမ ဝင်အောက်လမ်းက သွားသူများ ပြားလာသလို ဖမ်းဆီးခံရသူတွေ လည်း နေ့စဉ်ရာချီရှိနေပါတယ်။

          “ပွဲစားတွေကတော့ အမျိုးမျိုး ရှိတယ်။ အဲဒီပွဲစားတွေက မျက်ဖြူ ဆိုက်လေဆရာကြိုက်လေ၊ ပြည် တွင်းမှာနိုင်ငံရေးမငြိမ်သက်မှု၊ အ လုပ်အကိုင်အဆင်မပြေမှုနဲ့ ဝမ်းရေး အခက်အခဲဖြစ်လေ သူတို့ကြိုက် လေပဲ။ တစ်ယောက်ကို ဘတ်နှစ် သောင်း၊ နှစ်သောင်းခွဲယူပြီး တရား မဝင်တဲ့လမ်းက ပို့ဆောင်လို ့နေ့စဉ် ဖမ်းဆီးခံနေရ တုန်းပဲမဟုတ်ပါ လား” လို့ ဦးမိုးကြိုးကဆိုတယ်။

          မြန်မာထိုင်းနယ်စပ် မြဝတီ-မဲ ဆောက်လမ်းကတစ်ဆင့် ဘန် ကောက်ကိုပို့ဆောင်မယ့် ကုန်စိမ်း ကော်ဖီထုပ်တွကြားမှာ သိုဝက် သယ်ဆောင်လာတဲ့ သူတွေ၊အမှိုက် ကားနဲ့တင်လာတဲ့သူတွေ ဖမ်းဆီခံ ရတာတွေလည်း အများအပြားရှိခဲ့ ပါတယ်။

          မဲဆောက်မြို့မှာနေထိုင်ပြီး အလုပ်သမားအရေးဆောင်ရွက် နေသူတစ်ဦးက “နယ်စပ်ဒေသဝင် ပေါက်အမျိုးမျိုးကနေ တရားမဝင် ဝင်ရောက်ကြတယ်။ သူတို့ရဲ့ရည် မှန်းချက်ကတော့ လုပ်ခလစာများ များရတဲ့ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကိုသွားဖို့ပါပဲ။ ထိုင်းနဲ့ မြန်မာ ူးပေါင်းဆောင်မှုအရ MOU စနစ်နဲ့ လုံခြုံစိတ်ချရတဲ့လမ်းကြောင်း တွေမပေါ်ပေါက်မချင်း တရားမ ဝင်သွားတာ၊ ဖမ်းဆီးခံရတာရှိနေ ဦးမှာပါပဲ။ ထိုင်း-မြန်မာနယ်စပ် မွန်ပြည်နယ်နဲ့ ကန်ချနပူရီ၊ တန င်္သာရီတိုင်းနဲ့ ပရာကျွတ်ခရီခမ်၊ မြဝ တီ-မဲဆောက်လမ်းကြောင်းက ဝင် ရောက်တာအမျ ားဆုံးဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

          ယခုဇွန်လအတွင်းမှာ တရား မဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် မှုမရှိစေရေး ရက် ၁၂၀ စီမံချက်မက် ရှင်အဖြစ် ဖမ်းဆီးမှုပိုမိုများပြား လာတဲ့အတွက် တစ်နိုင်ငံလုံး၌နှစ် ပတ်အတွင်း မြန်မာလုပ်သား ၂၀၁ ၁၁ ဦးဖမ်းဆီခံရတယ်လို့ ထိုင်းနိုင်ငံ ဘက်မှထုတ်ပြန်ခဲ့ပေမဲ့ တရားမဝင် လမ်းနဲ့ လုပ်ငန်းခွင်ရှိတဲ့ဘန်ကောက် ကို ရောက်ရှိသွားသူတွေလည်းအ များအပြားရှိပါတယ်။

          “ ကျွန်တော်က ထိုင်းဘက်က အရေးပါတဲ့သူတွေနဲ့ပေါင်းပြီး လူ တင်တာပါ။ အဆင်ပြေပါတယ်။ စိုး ရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါ တယ်” လို့ ထိုင်းမှာနေပြီး ကယ်ရီ လုပ်နေတဲ့ လူပွဲစားတစ်ဦးကပြော ပါတယ်။

          လူငယ်လူရွယ်တွေရဲ့ထွက် ပေါက် သို့မဟုတ် အိမ်နီးချင်းနိုင်ငံ ဆီသို့ ဦးတည်နေတာဟာကြမ်း တမ်းခက်ထန်၊ အသက်နဲ့အလောင်း အစားထပ်ရတဲ့ မရေရာတဲ့တော လမ်းခရီးက လူကုန်ကူးမှုတစ်ခေတ် ဆန်းသစ်နေဦးမှာ ဖြစ်ပါတယ်။

Most Read

Most Recent