လန်းစ် - မာဆေးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၁၀:၃၀ နာရီ)
မာဆေးလ်ကလည်း အဆင့် (၃)နေရာမှာ ဟန်မပျက်ရှိနေဆဲဆိုပေမယ့် အမှတ်ကပ်နေတာကြောင့် အမှားလုပ်လို့မရပါဘူး။ လန်းစ်ကတော့ အိမ်ရှင်အသင်းပီပီ နိုင်ပွဲရဖို့အတွက်ရာနှုန်း ပြည့်ပြင်ဆင်အားထုတ်လာမှာဖြစ်ပြီး မာဆေးလ်ရဲ့ အထလေးတဲ့ ကစားဟန်ကို ပြန်တည့်ပေးဖို့ပြင်ဆင်ထားမှာပါ။ သရေကျဖို့များပြီး မာဆေးလ်နိုင်ခဲ့ရင်တောင် ဂိုးမပြတ်ပါဘူး။
စိန့်အက်တီယန် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၀၀:၃၀ နာရီ)
နိုင်ငံတကာပွဲတွေမတိုင်မီ နောက်ဆုံးကစားခဲ့ပွဲမှာ မောင့်ပယ်လီယာနိုင်ပွဲရခဲ့ပေမယ့် ဇယားအောက်ဆုံးမှာ ကျောက်ချနေဆဲပါပဲ။ စိန့်အက်တီယန်ကလည်း တန်းဆင်းဇုန်ထဲကအသင်းပါ။ ဒီပွဲတော့ အိမ်ရှင် စိန့်အက်တီယန်နဲ့ အရဲစွန့်မယ်။
Reims - လိုင်ယွန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂:၃၀ နာရီ)
လိုင်ယွန်ကလည်း နောက်ဆုံး (၅)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရှေ့ဆက်လာခဲ့တယ်။ Reims ကလည်းခြေစွမ်းမာတဲ့အသင်းပါ။ သရေကျဖို့ များတယ်။