■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 22 November 2024

လက်စတာ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၇:၀၀ နာရီ)

လက်စတာအသင်းက နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် မန်ယူနိုက်တက်ကို ဂိုး ပြတ်ရှုံးခဲ့တဲ့ပွဲအပါအဝင် ရလဒ်တွေဆက်တိုက်ဆိုးနေတယ်။ ချယ်လ်ဆီးအသင်းက ရလဒ်ပိုင်းအနည်းငယ် ကျဆင်းနေတယ်လို့ ပြောလို့ရပေမယ့် ပွဲကျပ်တွေမှာ အမှတ်တွေယူနိုင်ခဲ့တာကို တွေ့ရတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ခြေစွမ်းကို လက်စတာ ယှဉ်ကစားဖို့ ခက်ပါတယ်။ ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။ 



ဘုန်းမောက် - ဘရိုက်တန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၃၀ နာရီ)

ဘုန်းမောက်က ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် ခံနိုင်ရည်အပြည့်နဲ့ ပြန်လာနိုင်ခဲ့တယ်။ အသင်းကြီးတွေကိုပါ ဒုက္ခပေးနိုင်ခဲ့ပြီး အာဆင်နယ်ကိုရော၊ မန်စီးတီးကိုပါ နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း (၃) ပွဲဆက်နိုင်ထားတယ်။ ဘရိုက်တန်ကိုလည်း ခံစစ်ပိုင်းအထလေးတာကို အခွင့်အရေးယူနိုင်တဲ့ တိုက်စစ်နဲ့ ကစားပုံ ရှိတယ်။ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။ 



အာဆင်နယ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၃၀ နာရီ)

အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၄) ပွဲမှာ ဘုန်းမောက်နဲ့ နယူးကာဆယ်တို့ကို ရှုံးခဲ့ပြီး လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ကို သရေကျခဲ့တယ်။ အခုပွဲမှာလည်း အမှတ်ပေးဇယားအဆင့် (၅) နေရာမှာ ရပ်တည်နေတဲ့ အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ နော်တင်ဟမ်က ဒီရာသီမှာ မယုံနိုင်စရာစွမ်းဆောင်ရည်ကို ပြသနေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ပွဲစဉ် (၁၁) အပြီး ရမှတ်တူအနေအထားနဲ့ ကပ်လိုက်နေတယ်။ အာဆင်နယ်မှာ ဘင်ဝှိုက်၊ ထရိုဆက်ဒ်တို့ ဒဏ်ရာပြဿနာ ရှိနေသလို၊ ဆာကာ၊ ဒက်ကလန်ရိုက်စ်တို့လည်း ဒဏ်ရာတွေကြောင့် လက်ရွေးစင်ပွဲကနေ နုတ်ထွက်ထားတာ ပြန်ကစားနိုင်ဖို့ မသေချာသေးဘူး။ ဒါပေမဲ့ အာဆင်နယ်အတွက် အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ်နေပြီး၊ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေတယ်။ အာဆင်နယ် ဒီပွဲတော့ နိုင်ပွဲရှာလိမ့်မယ်။ 



အက်စတွန်ဗီလာ - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၃၀ နာရီ)

အက်စတွန်ဗီလာအသင်းကလည်း မန်စီးတီးလိုပဲ ပရီးမီးယားလိဂ် နောက်ဆုံး (၂) ပွဲ ဆက်နဲ့ ပြိုင်ပွဲစုံမှာ (၄) ပွဲဆက် ရှုံးထားတဲ့အသင်းလည်းဖြစ်တယ်။ ပဲလေ့စ်အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တော်တော်လေးကျဆင်းနေတဲ့အသင်းဖြစ်ပြီး တစ်ရာသီလုံးမှာလည်း စပါးတစ်သင်းကိုပဲ နိုင်ဖူးထားတယ်။ ဒီပွဲကတော့ အက်စတွန်ဗီလာအတွက် သေချာပေါက် နိုင်ပွဲယူမယ့်ပွဲလည်း ဖြစ်တယ်။  



အဲဗာတန် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၃၀ နာရီ)

အဲဗာတန်က ရာသီအစက တော်တော်လေး အခြေအနေဆိုးခဲ့ရာကနေ နောက်ပိုင်းပွဲတွေမှာ ခံနိုင်ရည်အပြည့်နဲ့ ပြန်လာနိုင်ခဲ့ပြီး ပုံစံကောင်းတွေ မြင်နေရတယ်။ ဘရန့်ဖို့ဒ်ကတော့ စိတ်လှုပ်ရှားစရာ ကစားပုံနဲ့ ခွန်အားကောင်းပြီး တိုက်စစ်ပိုင်းလည်း ထက်မြက်တဲ့အသင်းဖြစ်တယ်။ လက်ရှိိအချိန်မှာ အဲဗာတန်ထက် ပိုကောင်းနေပေမယ့် အဲဗာတန်ရဲ့ မာကျောမှုနဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် သရေပွဲကို ဦးတည်နေတယ်။ 



ဖူလ်ဟမ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၃၀ နာရီ)

ဖူလ်ဟမ်အသင်းက တစ်ရာသီလုံး ခြုံကြည့်ရင် မဆိုးပါဘူး။ ရာသီအစမှာ ကောင်းတယ်။ အောက်တိုဘာလောက်မှာ ရလဒ်တွေ ကျဆင်းသွားပြီး နိုဝင်ဘာအစပိုင်းမှာ နိုင်ပွဲတွေ ပြန်ယူနေတာ တွေ့ရတယ်။ ဝုလ်ဗ်ကတော့ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲမှာ ရှုံးပွဲမရှိပဲ (၅) မှတ်ပြန်ယူလာတာ တွေ့ရတယ်။ ဒီပွဲလည်း သရေရလဒ်ဆီကို ဦးတည်နေတယ်။ 



မန်စီးတီး - စပါး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၁၂:၀၀ နာရီ)

လက်ရှိ ချန်ပီယံအသင်းအတွက် စိန်ခေါ်မှုအများဆုံး အခိုက်အတန့်ကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ ပရီးမီးယားလိဂ်မှာ (၂) ပွဲဆက် ရှုံးထားသလို၊ ပြိုင်ပွဲစုံမှာ (၄) ပွဲဆက်ရှုံးထားတယ်။ စပါးကလည်း ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲအများဆုံး အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပြီး ပိုစတီကိုဂလူးရဲ့အနာဂတ်ပါ လှုပ်ခတ်နေတယ်။ အမှတ်ပေးဇယားမှာ အဆင့် (၁၀) အထိလည်း ရောက်နေတယ်။ နှစ်သင်းစလုံးအတွက် ရလဒ်ကောင်းလိုအပ်နေပြီး စပါးအတွက်ကတော့ သရေတစ်မှတ်ဆိုရင် ကျေနပ်စရာဖြစ်တယ်။ မန်စီးတီးကတော့ မဖြစ်မနေ အနိုင်ကစားရမှာပါ။ မန်စီးတီးက Possession Based အသင်းမျိုး ဖြစ်နေချိန်မှာ စပါးကလည်း အလွန်အကျွံတိုက်စစ်ကစားတတ်တဲ့အသင်းဖြစ်နေလို့ ပွဲက ကြည့်ကောင်းနိုင်တယ်။ ဂိုးလည်း များနိုင်တယ်။ ဒါပေမဲ့ မန်စီးတီးကိုပဲ ကြိုက်တယ်။