နိုင်ငံတကာရက်သတ္တပတ်အလွန် ပြန်မြင်တွေ့ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) မှာ ထိပ်သီး အသင်းအချင်းချင်း ဆုံတွေ့တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ပါဝင်နေပါတယ်။ မန်စီးတီးနဲ့ စပါးတို့ အမှတ်လုရမယ့်ပွဲပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ရလဒ်တွေ ကျဆင်းနေတာကြောင့်လည်း ဒီပွဲက စောင့်ကြည့်ချင်စရာ ပိုကောင်းနေပါတယ်။ အထူးသဖြင့် မန်စီးတီးက အားလုံးရဲ့ စောင့်ကြည့်ခံအသင်း ဖြစ်နေတာပါ။ မယုံနိုင်လောက်အောင် အမှားအယွင်းများနေတဲ့ မန်စီးအသင်းရဲ့ ရှုံးပွဲဆက်မှုအစဟာ စပါးကို ရှုံးနိမ့်တဲ့ပွဲလည်း ဖြစ်နေခဲ့ပါတယ်။ မန်စီးတီးက လိဂ်ဖလားစတုတ္ထအဆင့်မှာ စပါးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာခဲ့ရတာပါ။ ဒီဖလားကို ဂွါဒီယိုလာ တန်ဖိုးထားလေ့မရှိဘူးဆိုပေမဲ့ ဖလားပြိုင်ပွဲတစ်ခုကနေ အစောကြီးထွက်ခွာရတယ်ဆိုတဲ့အချက်ကတော့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေပါတယ်။ အဲဒီရှုံးပွဲရဲ့နောက်မှာ မန်စီးတီးက ပရီးမီးယားလိဂ်နှစ်ပွဲနဲ့ ချန်ပီယံလိဂ်တစ်ပွဲဆက်တိုက်ထပ်ရှုံးခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ပွဲစုံ (၄) ပွဲဆက် ရှုံးနိမ့်မှုအဖြစ် နည်းပြဂွါဒီယိုလာရဲ့ ရာဇဝင်မှာ အမည်းစက်စွန်းထင်းခဲ့ရပါတယ်။
■ နိုင်ပွဲတွေ လိုနေပြီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















