ကျောက်မဲမြို့နှင့် သီပေါမြို့ ကြားရှိ မိုင်းခွဲခံထားရသော ကျင်သီတံတားအား လုံခြုံရေးအခြေအနေ စိတ်ချရသည့်အချိန်မှသာ သွားရောက် ပြုပြင်နိုင်မည်ဟုဆို

ကျောက်မဲမြို့နှင့် သီပေါမြို့ ကြားရှိ မိုင်းခွဲခံထားရသော ကျင်သီတံတားအား လုံခြုံရေးအခြေအနေ စိတ်ချရသည့်အချိန်မှသာ သွားရောက် ပြုပြင်နိုင်မည်ဟုဆို
Published 30 May 2024

ကျောက်မဲမြို့နှင့် သီပေါမြို့ ကြားရှိ မိုင်းခွဲခံထားရသော ကျင်သီတံတားအား လုံခြုံရေးအခြေအနေ စိတ်ချရသည့်အချိန်မှသာ သွားရောက် ပြုပြင်နိုင်မည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာနက ပြောကြားသည်။

ကျင်သီတံတားကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဖောက်ခွဲ ခံရပြီး ပြိုကျ ပျက်စီးခဲ့သောကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ လက်ရှိတွင် ယာယီ သစ်သားတံတားငယ် တစ်ခုရှိသော်လည်း လက်ရှိတွင် မိုးရွာသွန်းပြီး ချောင်းရေ စီးသန် နေသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲလျက် ရှိသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူများ အဆင်ပြေရေးအတွက် ကျင်သီတံတားအား ပြန်လည်ပြုပြင်ရန် အဖွဲ့များဖွဲ့၍ သွားရောက်ခဲ့သော်လည်း လက်နက် ကိုင်အဖွဲ့အချို့က ပစ်ခတ်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သောကြောင့် တံတားပြုပြင်တည် ဆောက်ရေးအား အောင်မြင်အောင် ဆောင် ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

ဒေသခံပြည်သူများအနေဖြင့် ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်မှစ၍ အဆိုပါ ကျင်သီတံ တား၏ နံဘေးတွင် ယာယီတံတား တည် ဆောက်ကာ သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ခဲ့ကြောင်းကို လူမှုကွန်ရက်သ တင်းများအရ သိရှိရကြောင်းလည်း ဆောက် လုပ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ယာယီတံတားသည်လည်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မေ ၂၈ ရက် တွင် သွားလာ၍ မရတော့ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်းနှင့် တံတား များအား အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပေး လျက်ရှိကြောင်းလည်း ဆောက်လုပ်ရေးဝန် ကြီးဌာနက ပြောကြားသည်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့ အချို့ကြောင့် လုံခြုံရေးအခြေအနေ စိတ်ချရ သည့် အချိန်ရောက်မှသာ ကျင်သီတံတား အား ထပ်မံသွားရောက် ပြုပြင်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ 

 

Most Read

Most Recent