မွန်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများအတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံး

မွန်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများအတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံး
Published 28 July 2024
ဘိုဘိုမြင့်

လတ်တလော မွန်ပြည်နယ်၌ ဖြစ်ပွားနေ သည့် ရေကြီးရေလျှံမှုများအတွင်း အမျိုးသား သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၃ ရက် ညပိုင်းက သထုံ မြို့ အောက်ကျင်းရပ်ကွက် ကန်ညီနောင် (၃) လမ်းနေ အသက် ၅၇ နှစ်အရွယ် ဦးကုလားဆို သူမှာ နေအိမ်မှ လယ်ထဲသို့သွားရာမှ ဆား ချောင်းအတွင်း ရေနစ်သေဆုံးခဲ့ကြောင်းနှင့် ၎င်းင်း၏အလောင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဆားချောင်းအတွင်း ပြန်လည် တွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “ဦးကုလားရဲ့ အ လောင်းကို အကြင်နာတွဲလက်အသင်း (သ ထုံ) က ဆယ်ယူပြီးတော့ သထုံခရိုင်ပြည်သူ့ ဆေးရုံမှာရှိတဲ့ ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ကြပါ တယ်”ဟု ပြောကြားသည်။

အလားတူ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်က ဘီးလင်းမြို့ ကန်သာယာ (၇) ရပ် ကွက်ရှိ ရှင်ဥပဂုတ္တကန်အနီးတွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး နေကိုတွေ့ရကြောင်း ဘီးလင်းမြို့ခံများထံမှ သိရသည်။

“သေဆုံးသူကို ဦးဂက် (စ်) လို့ ခေါ်ကြ တယ်။ သူပျောက်နေတာ သုံးရက်လောက်ရှိ ပြီလို့ သိရတယ်။ မနေ့ (ဇူလိုင် ၂၇ ရက်) ကမှ သူ့အလောင်းကိုတွေ့ကြတာ”ဟု ဘီးလင်း မြို့ခံတစ်ဦးက ပြောကြားသည်။

ထိုရေနစ်သေဆုံးနေသည့် အမျိုးသား၏ အလောင်းအား ရှင်သန်ခြင်းနှင့် နာရေးကူညီ မှုအသင်း (ဘီးလင်း) က ဆယ်ယူပြီးနောက် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက လည်း မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ နှင့် ရွာသာယာကျေးရွာကြား လယ်ကွင်းအ တွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း နှင့် အလောင်းအား လမိုင်းပရဟိတလူငယ် များအဖွဲ့က သွားရောက်ဆယ်ယူပြီးနောက် လမိုင်းတိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှ စတင်ကာ မွန်ပြည်နယ်အတွင်း မိုးနေ့စဉ်ရက် ဆက်ရွာသွန်းနေမှုမှုကြောင့် ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးအစရှိသည့် မြို့နယ်များအတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

Most Read

Most Recent