ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားငယ် သမီးငယ်များ ပညာသင်ကြားနိုင်ရန် ဖွင့်လှစ်ထားထားသော ရွှေ့ပြောင်း ပညာရေးကော်မတီ(BMWEC)၏ ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားကို မြဝတီတဖက်ကမ်း မဲဆောက်မြို့တွင် ဇွန် ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ BMEEC ၏ ငွေရတုအခမ်းအနားကို အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Wattana Village Resort ဆိုင်၏ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကျောင်းများစွာရှိပြီး ထိုကျောင်းများမှ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်း အတိုင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများသည် မြဝတီမြို့ရှိ အစိုးအထက်တန်းကျောင်းများတွင် လာရောက်ဖြေဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံဘက်တွင် အလုပ်လာလုပ်ကြရသော်လည်း သားသမီးများ ပညာသင်ကြားခွင်ရသည့်အတွက်ဂုဏ်ယူကြောင်းနှင့် တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုသောအခါ လုပ်အပ်ချက်များကို ကူညီသွားမည်ဖြစ်ကြောင်း BGF တပ်မှူး ဦးစောမုတ်သုန်ကပြောသည်။
"ဘယ်လိုဘဲဖြစ်ဖြစ်လေ ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်ကလေးတွေ ပညာသင်ကြားရဖို့အဓိကပါ၊ မြန်မာနိုင်ငံဘက်ကိုလာပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့အခါလည်း အတတ်နိုင်ဆုံး ၀ိုင်းဝန်းပြီး စားစရာကအစ ကူညီဆောင်ရွက်ပေးပါတယ်။ထိုင်းဘက်မှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေဆိုပေမဲ့ သားသမီးတွေ ပညာသင်ကြားရလို့ ဂုဏ်ယူစရာပါ" ဟု အခမ်းအနားသို့တက်ရောက်ခဲ့သည့် BGF တပ်မှူးဦးစောမုတ်သုန်ကပြောသည်။
(BMWEC)မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီ၏ လက်အောက်တွင် ပြည်တွင်း ပြည်ပမှာ ကျောင်းပေါင်း များစွာရှိကြောင်း သိရသည်။















