မွမ်ဘိုင်းဒေသတွင် မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူလေးဦး သေဆုံး

မွမ်ဘိုင်းဒေသတွင် မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူလေးဦး သေဆုံး
Published 28 September 2024

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့နှင့် အနီးဝန်းကျင်ဒေသတို့တွင် မုန်တိုင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူလေးဦးထက်မနည်း သေဆုံးကာ ကျောင်းများ ပိတ်ထားရပြီး မီးရထားပြေးဆွဲမှုများ နှောင့်နှေးမှု ဖြစ်စေခဲ့သည်ဟု ဒေသခံမီဒီယာများတွင် စက်တင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။

စက်တင်ဘာ ၂၅ ရက် ညနေခင်းမှစပြီး ငါးနာရီအတွင်း မြို့၏နေရာအချို့တွင် မိုးရေချိန် ၂၃၀ မီလီမီတာကျော်(ကိုးလက်မ)အထိ ရှိလာခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဒေသခံရုပ်မြင်သံကြားတွင် ဖော်ပြထားသော ဓာတ်ပုံများအရ ဒူးအထိရှိသည့် ရေထဲတွင် သွားလာနေ ကြသူများကို မြင်တွေ့ရသည်။

အန်ဟီရီဆင် ခြေဖုံးတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးရေနစ် သေဆုံးခဲ့သည်ဟု မြူနီစပယ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မွမ်ဘိုင်းမြို့တော်အပြင်ဘက် ၄၀ ကီလိုမီတာဝန်းကျင်ရှိ ကယ်ရန်မြို့တွင် မိုးကြိုးပစ်မှုကြောင့် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး ခိုပိုလီမြို့ရှိ ရေတံခွန်အနီးတွင် နောက်ထပ်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

စက်တင်ဘာ ၂၆ ရက်တွင် စာသင်ကျောင်းများကို ပိတ်ထားပြီး မြူနီစပယ်အာဏာပိုင်များက အ တတ်နိုင်ဆုံးနေအိမ်ထဲတွင်သာ နေထိုင်ကြ ရန် ဒေသခံများကို တိုက်တွန်းထားသည်။

မီးရထားလမ်းများတွင် ရေကြီးရေလျှံမှုများ မီးရထားပြေးဆွဲမှုများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။                                           Ref:AFP

Most Read

Most Recent