ထိုင်းလွှတ်တော်က သက်ဆင်၏သမီး ပေတုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်

ထိုင်းလွှတ်တော်က သက်ဆင်၏သမီး ပေတုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်
Published 16 August 2024
Ref: CNA

ထိုင်းလွှတ်တော်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်အဖြစ် ဩဂုတ် ၁၆ ရက်တွင် မဲပေးရွေးချယ်ခဲ့သည်။

ဖြူထိုင်းပါတီခေါင်းဆောင် ပေတုန်တန် (၃၇ နှစ်) သည် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထို့ပြင် ပေတုန်တန်သည် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်နှင့် အဒေါ်ဖြစ်သူ ယင်းလပ်ရှင်နာဝပ်တို့ပြီးလျှင် ဝန်ကြီးချုပ်ရာထူးကို ရရှိသည့် တတိယမြောက် ရှင်တာဝပ်မိသားစုဝင် ဖြစ်လာခဲ့သည်။

Most Read

Most Recent