ကော်ကေးဆပ်မြောက်ပိုင်း ဒါဂျက်စတန်၌ သေနတ်သမားများက တိုက်ခိုက်သဖြင့် အနည်းဆုံးရဲ ၁၅ ဦး သေဆုံး

ကော်ကေးဆပ်မြောက်ပိုင်း ဒါဂျက်စတန်၌ သေနတ်သမားများက တိုက်ခိုက်သဖြင့် အနည်းဆုံးရဲ ၁၅ ဦး သေဆုံး
Published 24 June 2024
Ref:AFP

ဇွန် ၂၃ ရက်တွင် သေနတ်သမားများက ရုရှား၏ ကော်ကေးဆပ်မြောက်ပိုင်း ဒါဂျက်စတန်ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် ရဟူဒီဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်ခဲ့သောသောကြောင့် အနည်းဆုံး ရဲ ၁၅ ဦး သေဆုံးသွားခဲ့သည်ဟု ဒါဂျက်စတန်ခေါင်းဆောင်ဆာဂျီမာလီကော့က ပြောကြားခဲ့သည်။

မည်သူ မည်ဝါမှန်းမသိရသော သေနတ်သမားများသည် ဒါဂျက်စတန်ဒေသ၏အကြီးဆုံးမြို့ဖြစ်သော မဟာချီ ခါလာနှင့် ဒါးဘန်းကမ်းရိုးတန်းမြို့တို့တွင် တိုက်ခိုက်မှုများကို တစ်ပြိုင်တည်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ချေချင်းညာနှင့်အိမ်နီးချင်းဖြစ်ပြီး မွတ်စလင်အများစုနေထိုင်သော ရုရှားဒေသ ဒါဂျက်စတန်၌ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ရုရှားစုံစမ်းစစ်ဆေးရေကော်မတီက ထုတ်ပြန်ခဲ့သည်။

“ဒီညနေခင်းမှာပဲ ဒါးဘန့်နဲ့မဟာချီခါလာတို့မှာ ဘယ်သူမှန်းမသိရတဲ့ သေနတ်သမားတွေဟာ လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ဘယ်သူဟာ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာရှိနေတယ်။ သူတို့လုပ်ဆောင်နေတဲ့ရည်ရွယ်ချက်ဟာ ဘာဆိုတာကိုကျွန်တော်တို့သိပါတယ်” ဟု ဒါဂျက်စတန်ခေါင်းဆောင်ဆာဂျီမာလီကော့က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

၎င်းက ယူကရိန်းစစ်ပွဲကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။                                          

Most Recent