၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: DTUSA
Photo: DTUSA
Published 4 July 2024

အာဂျင်တီးနား နှင့် အီကွေဒေါ (မြန်မာစံတော်ချိန် သောကြာနံနက် ရး၃၀ နာရီ)

အခုနှစ် ကိုပါအမေရိကပြိုင်ပွဲ ပွဲစဉ်ရေးဆွဲထားမှုအရ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းအဖို့ အရမ်းလွယ်ကူနေပြီး အုပ်စုတွင်းမှာလည်း Clean Sheet ရလဒ်တွေနဲ့အတူ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ကွာတားတက်လာတာဖြစ်တယ်။ ဒေသတွင်း အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ ဘရာဇီးလ်၊ ဥရုဂွေး၊ ကိုလံဘီယာအသင်းတို့နဲ့ ဗိုလ်လုပွဲမတိုင်ခင် ရင်ဆိုင်ကစားရဖို့ မရှိတာကလည်း အာဂျင်တီးနားအတွက် အခုလောက်ကောင်းတဲ့ လမ်းကြောင်းမျိုး နောက်ထပ်ရဖို့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ အီကွေဒေါအသင်းက အခုနှစ်အပိုင်းအခြားအတွင်းမှာ လူငယ်ကစားသမားတချို့ ထွက်ပေါ်လာမှုနဲ့ ခြေတက်နေလို့ အာဂျင်တီးနား သတိတော့ ထားကစားရမယ်။ အာဂျင်တီးနား ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

Most Read

Most Recent