■  ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိနိုင်

■  ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိနိုင်
Published 6 July 2024

ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိနိုင်ကြောင်း ဇူလိုင် ၆ ရက် တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေ သည် မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့်၌ ရောက်ရှိနေပြီး အဆိုပါ မြစ် ရေသည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ စစ်ကိုင်းမြို့ တွင် စိုးရိမ်ရေမှတ်အောက် ငါးပေခွဲကျော်ခန့် ၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်သို့လည်းကောင်း၊ မြင်းမူမြို့တွင် စိုးရိမ် ရေမှတ်အောက် ငါးပေခွဲခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အောက် လေးပေ ခွဲကျော်ခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ ညောင်ဦးမြို့ တွင် စိုးရိမ်ရေမှတ်အောက် လေးပေခွဲခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့လည်းကောင်း အသီးသီး ရောက်ရှိနိုင် ကြောင်း သိရသည်။

အလားတူ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကျော်ခန့်၌ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် လာမည့် ၁၂ နာရီအတွင်း ယင်း မြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ မင်း ကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲ ခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့လည်းကောင်း၊ မုံရွာမြို့တွင် စိုးရိမ် ရေမှတ်အောက် တစ်ပေခွဲကျော်ခန့်၌ ရောက် ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ် ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ လည်းကောင်း အသီးသီးရောက်ရှိနိုင်ကြောင်း သိရသည်။