■ ဘွန်ဒစ်လီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 4 October 2024

လေဗာကူဆင် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်အသင်းအဖို့ အခက်အခဲမရှိနိုင်တဲ့ ပွဲတစ်ပွဲပါပဲ။ ဟော်စတိုင်ကီလ်ကတော့ အခုပုံစံအတိုင်းဆိုရင်လာရာ လမ်းဖြစ်တဲ့ ဘွန်ဒစ်လီဂါ-၂ ပြန်ရဖို့များနေတယ်။ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။



၀ါဒါဘရီမင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)

၀ါဒါဘရီမင်အသင်း အိမ်ကွင်းနိုင်ပွဲ မရသေးပေမဲ့ ဒေါ့မွန်၊ ဘိုင်ယန်တို့နဲ့ ကစားခဲ့ရတာကို သတိပြုရမယ်။ ဒီပွဲတော့ ၀ါဒါဘရီမင် အနိုင်နဲ့ သရေပါပဲ။



အူန်ယွန်းဘာလင် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)

ဒေါ့မွန်အသင်းက ဒီရာသီ ဘွန်ဒစ်လီဂါအဝေးကွင်း (၂)ပွဲစလုံး နိုင်ပွဲမရခဲ့ဘဲ နောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ အူန်ယွန်းဘာလင်ကတော့ ဒီရာသီ အိမ်ကွင်း (၂)ပွဲစလုံး အနိုင်ကစားထားတာ တွေ့ရတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု (၇)ပွဲမှာ ဒေါ့မွန်အသင်းက (၆)ပွဲအထိ အနိုင်ကစားထားခဲ့တာဖြစ်တယ်။ ဒီတစ်ပွဲတော့ ဒေါ့မွန် မနိုင်လောက်ဘူး။



ဘိုဟုမ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)

ဘိုဟုမ်အသင်း နိုင်ပွဲမရသေးသလို၊ ဝုလ်ဖ်ဘတ်ကလည်း ပွဲကျပ်တွေကြားမှာ ရလဒ်တွေဆိုးနေတယ်။ ဘိုဟုမ်နဲ့ စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။



ဆန့်ပေါ်လီ - မိန့်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၁:၀၀ နာရီ)

ဖရိုင်းဘတ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဆန့်ပေါ်လီရဲ့စွမ်းဆောင်ရည်က အံ့အားသင့်စရာပါပဲ။ ဒါပေမဲ့ ဆန့်ပေါ်လီ နိုင်ပွဲဆက်ဖို့တော့ မဖြစ်နိုင်လောက်ဘူး။