MNDAA ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ထုတ်ပြန် 

MNDAA ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ထုတ်ပြန် 
လားရှိုး မြို့ကို တွေ့ရစဉ်
လားရှိုး မြို့ကို တွေ့ရစဉ်
Published 7 August 2024

ကိုးကန့်အဖွဲ့ (MNDAA) ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းက သြဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ လူနေအိမ်များ၊ ရပ်ကွက်များနှင့် တပ်မတော်ဆေးရုံကို အကြမ်းဖက် သောင်းကျန်းသူ MNDAA အဖွဲ့မှ ရှော့တိုက်ဒုန်း လက်နက်ကြီး၊ လက်နက်ငယ်များ Drone များဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း တို့ကြောင့် အပြစ်မဲ့ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင် သွားသည်ကို သိရှိရကြောင်း မြန်မာနိုင်ငံ ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လူနေအိမ်များအပါအဝင် ရပ်ကွက်များ၊ သာသနိကအဆောက်အအုံများ၊ ဆေးရုံ အဆောက်အအုံများအပေါ် အကြောင်းမဲ့ ပစ်ခတ်ဖျက်စီးမှုများ ပြုလုပ်နေကြသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာနေရပြီး အိုးအိမ်များ ဆုံးရှုံးနေရခြင်း၊ လူမှုဘဝများ ဆုံးရှုံးနေရခြင်းတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့၏ လုပ်ရပ်များအား လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent