အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို ညွှန်ကြားသူဟု အစ္စရေးပြောသော ယာရာဆင်ဝါကို ဟားမာ့စ်အဖွဲ့က ခေါင်းဆောင်အဖြစ်ကြေညာ

အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို ညွှန်ကြားသူဟု အစ္စရေးပြောသော ယာရာဆင်ဝါကို ဟားမာ့စ်အဖွဲ့က ခေါင်းဆောင်အဖြစ်ကြေညာ
ဂါဇာစီးတီးတွင် ၂၀၂၁ ခုနှစ်အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ပြုလုပ်သော လူထုအစည်းအဝေး၌ ယာရာဆင်ဝါကို တွေ့ရစဉ်(Photo:AP)
ဂါဇာစီးတီးတွင် ၂၀၂၁ ခုနှစ်အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ပြုလုပ်သော လူထုအစည်းအဝေး၌ ယာရာဆင်ဝါကို တွေ့ရစဉ်(Photo:AP)
Published 7 August 2024

ဂါဇာစစ်ပွဲ ဖြစ်ပွားစေခဲ့သော အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို စီစဉ်ညွှန်ကြားသူဖြစ်သည်ဟု အစ္စရေးက ပြောကြားသော ယာရာဆင်ဝါကို ဟားမာ့စ်အဖွဲ့က ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲသစ်အဖြစ် သြဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။

ဟားမာ့စ်၏နိုင်ငံရေးဆိုင်ရာ အကြီးအကဲ အစ္စမေးလ်ဟာနီယက်သည် လွန်ခဲ့သော သီတင်းပတ်ထဲတွင် အီရန်မြို့တော်တီဟီရန်တွင် လုပ်ကြံခံခဲ့ရပြီးနောက် ဟားမာ့စ်က ဟာနီယက်၏နေရာကို ဆက်ခံသူအဖြစ် ဆင် ၀ါကို ကြေညာလိုက်ခြင်းဖြစ်သည်။

တီဟီရန်မြို့၌ ဟာနီယက် လုပ်ကြံသတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အီရန်၏ လက်တုံ့ပြန်မှုကို စောင့်ဆိုင်းနေရသော အရှေ့အလယ်ပိုင်းဒေသနှင့်ပတ်သက်၍ စိုးရိမ်နေရချိန်တွင် ဟားမာ့စ်၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟားမာ့စ်၏ နိုင်ငံရေးခေါင်းဆောင် အစ္စရေးဟာနီယက်တီဟီရန်တွင် သေဆုံးသွားခြင်းမှာ အစ္စရေးတိုက်ခိုက်မှု ကြောင့်ဖြစ်သည်ဟု ဟားမာ့စ်က အပြစ်တင်ထားသည်။ ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်သည်  အီရန်သမ္မတသစ် ကျမ်းကျိန်ပွဲကိုတက်ရောက်ခဲ့ရာ နေရာဖြစ်သော အီရန်နိုင်ငံတွင် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် ဟားမာ့စ်ကပြောကြား ခဲ့ပြီး ယင်းလုပ်ရပ်ကို မတုံ့ပြန်ဘဲနေမည်မဟုတ်ဟု သတိပေးပြောကြားခဲ့သည်။

အစ္စရေး၏ ဇူလိုင် ၃၀ ရက် တိုက်ခိုက်မှုအတွင်း ရှုခါသေဆုံးသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ရှုခါသည်  ဇူလိုင် ၂၇ ရက်တွင် ဂိုလန်ကုန်းမြင့်ကို တိုက်ခိုက်ရာတွင် တာဝန်ရှိသော ဟစ်ဇဘိုလာ တပ်မှူးဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ဂိုလန်ကုန်းမြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူငယ် ၁၂ ဦး သေဆုံးခဲ့သည်။

၂၀၁၇ ခုနှစ်ကတည်းက ဂါဇာ၌ ဟားမာ့စ်ခေါင်းဖြစ်နေသော ဆင်ဝါသည် ကာတာတွင် ဟာနီယက်နှင့်အတူ နေထိုင်နေသူဖြစ်ပြီး အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု ဖြစ်ပွားကတည်းက မတွေ့ရတော့သူဖြစ်သည်။

ဆင်ဝါကို ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ခြင်းသည် ဟားမာ့စ်စစ်သွေးကြွ အုပ်စုအနေဖြင့် မိမိ၏တော်လှန်ရေး လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေသည် ဆိုခြင်းကို သတင်းစကား ပါးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟားမာ့စ်၏ ဆုံးဖြတ်ချက်သည် ယုတ္တိကျပြီး မျှော်လင့်ထားသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု အသိမ်းပိုက်ခံ အနောက်ဘက်ကမ်း၌ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို အုပ်ချုပ်နေသော ပြိုင်ဘက် ဖာတာအဖွဲ့၏ဗဟို ကော်မတီအတွင်းရေးမှူး ဂျီဘရီးလ်ရာဂျက်က ပြောကြားခဲ့သည်။

လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာအဖွဲ့က ဆင်ဝါကို ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ရန်သူသည် ဟားမာ့စ်ခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို သတ်ခြင်းဖြင့် ၎င်း၏ရည်မှန်းချက်များ ထမြောက်အောင်မြင်မှု မရှိဆိုသည်ကို ယခု ခန့်အပ်မှုက အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆင်ဝါကို ခေါင်းဆောင်အဖြစ်ခန့်အပ်မှုသည် ၎င်းအား လျင်မြန်စွာ သုတ်သင်ရန်နှင့် ဤဆိုးရွားလွန်းသော အဖွဲ့အစည်းကို ကမ္ဘာ့မျက်နှာစာမှ ဖယ်ရှားပစ်ရန် နောက်ထပ် စိတ်ဝင်စားစရာကောင်းသော အကြောင်းပြ ချက်ဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားခဲ့သည်။

ဆင်ဝါသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သဘောတူရန် ဟာနီယက်ထက်ပင် ပိုမိုဝန်လေးနေသူဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။

ဆင်ဝါသည် အဓိက အဆုံးအဖြတ်ပေးသူဖြစ်ပြီး ယင်းသို့ အဆုံးအဖြတ်ပေးနိုင်သူအဖြစ် ဆက်လက်ရှိနေသောကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိအောင် အကူအညီပေးရာတွင် ဆင်ဝါ၏ သဘောအတိုင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့ပြီး တင်းမာမှု အရှိန်မြင့်တက်လာအောင် မလုပ်ရန်လည်း အီရန်ကိုသာမက အစ္စရေးကိုလည်းသတိပေးခဲ့သည်။    Ref:AFP

Most Read

Most Recent