အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က ရန်ကုန်-ဒူဘိုင်း လေကြောင်းခရီးစဉ်ကို အပတ်စဉ် လေးကြိမ် ပျံသန်းနေပြီး ၃၃၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က ရန်ကုန်-ဒူဘိုင်း လေကြောင်းခရီးစဉ်ကို အပတ်စဉ် လေးကြိမ် ပျံသန်းနေပြီး ၃၃၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်
Published 13 June 2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်-ဒူဘိုင်း လေကြောင်းခရီးစဉ်အား အပတ်စဉ် လေးကြိမ် ပျံသန်းနေပြီး ၃၃၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ဒူဘိုင်း 8M 101 လေကြောင်း ခရီးစဉ်တွင် အခမဲ့ အပို ၅ ကီလို  သယ်ယူခွင့်ရရှိမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်-စင်ကာပူလေကြောင်းခရီးစဉ်အား နေ့စဉ်နှစ်ကြိမ် ပျံသန်းနေပြီး ၁၃၆ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI) ၏ ၁၃၆ဒေါ်လာမှစတင်မည့်  ရန်ကုန်-စင်ကာပူ လေကြောင်းခရီးစဉ်အတွင်း onboard meal တည်ခင်းခြင်း၊ ခရီးဆောင်အိတ်သယ်ယူခွင့် Business Class အတွက် 40 Kg, Economy Class အတွက် 30 Kg နှင့် 70 ကျော်သော sky deals partner ထံတွင် ၃၀ ရာခိုင်နှုန်း လျှော့စျေးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်-ဆိုးလ်လေကြောင်းခရီးစဉ် အား အပတ်စဉ်လေးကြိမ် ပျံသန်းနေပြီး ၂၈၃ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်မြို့မှ ဒေလီ၊ ချန်နိုင်း၊ ကာလကတ္တားမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ၁၁၂ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

MAI က ရန်ကုန်-ဒေလီ ခရီးစဉ်အား အပတ်စဉ် သုံးကြိမ်ပျံသန်းနေပြီး ၁၇၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ချန်နိုင်း ခရီးစဉ်အားအပတ်စဉ် စနေနေ့တိုင်း ပျံသန်းနေပြီး ၂၃၉ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ကာလကတ္တား ခရီးစဉ်အား အပတ်စဉ် ကြာသပတေးနှင့် တနင်္ဂနွေနေ့တိုင်း ပျံသန်းနေပြီး ၁၁၂  ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ဒေသတွင်းရှိ အာဆီယံနိုင်ငံများအကြား လေကြောင်းခရီးစဉ်များအကြိမ်ရေ တိုးမြှင့်ပျံသန်းနိုင်ရန် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သို့ ATR 72-600 လေယာဉ်အသစ်တစ်စီး ထပ်မံရောက်ရှိ လာကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ၏ လေယာဉ်အုပ်သို့ အဖွဲ့ဝင်သစ်အဖြစ် ပထမဆုံးသော ATR 72-600 လေယာဉ်တစ်စီးသည် ၂၀၂၄ ခုနှစ် မတ် ၂၄ ရက် နေ့လည်က  ဆိုက်ရောက်ခဲ့ပြီး ရေစင်ပက်ဖြန်း သည့် အခမ်းအနားဖြင့် ကြိုဆိုပွဲအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သည်။

ယင်းလေယာဉ်သစ်ရောက်ရှိမှုသည် (MAI) ၏  အစဉ်တစိုက် ကြိုးစားအကောင် အထည်ဖော်လျက်ရှိသော ရည်မှန်းချက်ဖြစ်သည့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရေးအတွက် လေယာဉ်နှင့် ဝန် ဆောင်မှုစံနှုန်းများကို တိုးမြှင့်သွားရန်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ATR 72-600 လေယာဉ် ထပ်မံရောက်ရှိလာခြင်းဖြင့် (MAI) ၏ လေယာဉ်အုပ်သည် ယခုအခါ လေယာဉ်အစင်းရေ စုစုပေါင်း ၁၂ စင်းအထိ ရှိလာမည်ဖြစ်သည်။

(MAI)လေယာဉ်အုပ်စုတွင် A319 လေယာဉ် လေးစင်း၊ A 320 လေယာဉ်လေးစင်း၊ E 190 လေယာဉ်နှစ်စင်း၊ (ACMI basis ဖြင့် ပြေးဆွဲပေးနေသည့်) B 733-300F လေယာဉ် တစ်စင်းနှင့် ယခုအသစ်ရောက်ရှိလာသည့်  ATR 72-600 တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၃၀ သို့ ပျံသန်းနေပြီး ယခု ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်အကုန်တွင် ပြည်ပနိုင်ငံပေါင်း ၁၄ နိုင်ငံထိ တိုးချဲ့ပြေးဆွဲသွားရန် ရည်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent