လက်ရှိတွင် မဲစာရင်းစီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များဖြင့် တီထွင်ခဲ့ပြီး မဲစာရင်းများ စနစ်တကျပြုစုလျက်ရှိဟု UEC ဥက္ကဋ္ဌ ပြောကြား

လက်ရှိတွင် မဲစာရင်းစီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များဖြင့် တီထွင်ခဲ့ပြီး မဲစာရင်းများ စနစ်တကျပြုစုလျက်ရှိဟု UEC ဥက္ကဋ္ဌ ပြောကြား
Published 25 June 2024

လက်ရှိတွင် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲ မှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာ ရှင်များဖြင့် တီထွင်ခဲ့ပြီး မဲစာရင်းများ စနစ် တကျပြုစုလျက်ရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြော ကြားသည်။

ဇွန် ၂၄ ရက်က တည်းခိုရေးစခန်း (ရွာ တော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒ ရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိ ယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌက ပထမ အကြိမ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံ ခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်းပြီး အတွေ့အကြုံ ကောင်းများ၊ အထောက်အကူကောင်းများ ရရှိခဲ့ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ တွေ့ကြုံ နေရသည့် အခက်အခဲများ၊ အကြံဉာဏ်များ ကို ရယူပြီး မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ လည်း ထပ်မံဖြည့်သွင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာ ရင်းများကို သမားရိုးကျနည်းလမ်းများဖြင့် သာ ရေးသွင်းပြုစုခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြုစုခြင်းကို ကွန်ပျူတာဆော့ဝဲလ်နှင့် စတင် အသုံးပြုရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပယ်ဖျက်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပြည်ပအကူအညီ ရယူ၍ မဲစာရင်းများကို ဆော့ဝဲလ်စနစ်ဖြင့် ရေးဆွဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း၊ လက်ရှိတွင် ကော်မရှင်အနေ ဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ် ကို ပြည်တွင်းရှိ မြန်မာပညာရှင်များ၏အကူ အညီဖြင့် ခေတ်မီနည်းစနစ်များဖြင့်တီထွင်ပြီး မဲစာရင်းများကို စနစ်တကျပြုစုဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည် ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများတက် ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Most Read

Most Recent