■ ယူရို ၂၀၂၄ ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို ၂၀၂၄ ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Opta
Photo: Opta
Published 28 June 2024

ဆွစ်ဇာလန် - အီတလီ (မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် ည ၁၀:၃၀ နာရီ)

ဆွစ်ဇာလန်ကို နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းတည်ငြိမ်တဲ့ အသင်းကြီးတစ်သင်းအဖြစ် မရောက်လာခင်အထိ ဥရောပရဲ့ အမေ့ခံအသင်းတစ်သင်း အဖြစ်သာရှိခဲ့ပြီး နောက်ပိုင်းမှာ အီတလီနည်းပြတွေ၊ လူငယ်တွေ သွားရောက်ကစားကြရင်းနဲ့ ဆွစ်ဇာလန်ဘောလုံးသမားတွေက အင်အားကြီးလာကြတယ်။ဒါပေမဲ့ အီတလီက ပိုအားကောင်းတဲ့  အသင်းဖြစ်သလို အစဉ်အလာလည်း ကြီးလို့ အီတလီ ကွာတားတက်မယ်။ မိနစ် (၉၀)အတွင်း အီတလီ ကပ်နိုင်ဖို့များတယ်။



ဂျာမနီ - ဒိန်းမတ် (မြန်မာစံတော်ချိန် ဇွန်လ ၃၀ ရက် နံနက် ၁:၃၀ နာရီ)

ဒိန်းမတ်နဲ့ ဂျာမနီတို့ကလည်း ဥရောပမြောက်ပိုင်းက အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်။ နှစ်သင်းစလုံးက စုဖွဲ့မှုကောင်းပြီး မာကျောကြသလို ဒိန်းမတ်က နောက်ပို်င်းနှစ်တွေမှာ ဂျာမနီကို မကြာခဏ ဒုက္ခပေးတတ်တဲ့အသင်းမျိုးလည်း ဖြစ်တယ်။ နောက်ဆုံး ၆ ကြိမ်တွေ့ဆုံမှု မှတ်တမ်းကို ကြည့်ရင် ဒိန်းမတ်ကတောင် နည်းနည်းလေးသာတာကို တွေ့ရတယ်။ အခုတစ်ကြိမ်လည်း ဒိန်းမတ်က ထုံးစံအတိုင်း မာကျောနေဆဲ၊ စုဖွဲ့မှုကောင်းနေဆဲဆိုတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒိန်းမတ်က ဒီပြိုင်ပွဲမှာ သရေတွေချည်းဆက်တိုက် တွေ့ခဲ့တဲ့အသင်းဖြစ်သလို ဒီပွဲမှာလည်းဂျာမနီကို ခံကစားရမှာပါ။ ဂျာမနီရဲ့ လက်ရှိစုဖွဲ့မှုနဲ့အရည် အသွေးကို ဒိန်းမတ်တောင့်ခံနိုင်ဖို့ မလွယ်ဘူးလို့ ယူဆတယ်။ အိမ်ရှင်ဂျာမနီ ကွာတားဖိုင်နယ် တက်မယ်။ 

Most Read

Most Recent