■ ပရီးမီးယားလိဂ်အသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသော်လည်း လာမည့်ရာသီ၌ စပို့တင်းလစ္စဘွန်းတွင်သာ ဆက်ရှိမည်ဟု အမော်ရင်မ် ဆို

■ ပရီးမီးယားလိဂ်အသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသော်လည်း လာမည့်ရာသီ၌ စပို့တင်းလစ္စဘွန်းတွင်သာ ဆက်ရှိမည်ဟု အမော်ရင်မ် ဆို
Photo: Gettyimages
Photo: Gettyimages
Published 7 May 2024

စပို့တင်းလစ္စဘွန်းအသင်း၏နည်းပြ အမော်ရင်မ်က ပရီးမီးယားလိဂ်ကလပ်အသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသော်လည်း လာမည့်ရာသီ၌ စပို့တင်းလစ္စဘွန်းအသင်းတွင်သာ ဆက်ရှိမည်ဟု ပြောကြားခဲ့သည်။

အမော်ရင်မ် (၃၉ နှစ်)သည် စပို့တင်းလစ္စဘွန်းအသင်းတွင် စွမ်းဆောင်ရည်ကောင်း ပြသလျက်ရှိသည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေခြင်းဖြစ်သည်။

၎င်းကို ယာဂန်ကလော့ပ်နှင့် လမ်းခွဲတော့မည့် လီဗာပူးလ်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ရည်ရွယ်နေကြောင်း သတင်းထွက်ခဲ့ဖူးသလို၊ ပြီးခဲ့သည့်လအတွင်း ဝက်စ်ဟမ်းအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။

ယင်းအတွက် အမော်ရင်မ်က စပို့တင်းလစ္စဘွန်းအသင်း၏ ပရိသတ်များကို ပြန်လည်တောင်းပန်ခဲ့ပြီး လာမည့်ရာသီ၌ လက်ရှိအသင်းတွင် ဆက်ရှိမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော့်အနေနဲ့ အသင်းကို ကြိုတင်အသိပေးခဲ့တယ်ဆိုရင်တောင် အခုလိုလုပ်ခဲ့တာဟာ အမှားကျူးလွန်ခဲ့မိတာပါပဲ။ ဒီအတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ပရိသတ်တွေကိုရော၊ ကလပ်အသင်းနဲ့ ကစားသမားတွေကိုရော ကျွန်တော် တောင်းပန်ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းမှာ ကျွန်တော် ဆက်ရှိသွားမှာပါ။ ကျွန်တော်က အသင်းနဲ့ စာချုပ်သက်တမ်းရှိနေပြီး ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ ထူးခြားတဲ့အခိုက်အတန့်ကို ရောက်ရှိနေပါတယ်။ တတိယမြောက်ချန်ပီယံဆုရရှိဖို့ အတူကြိုးစားသွားပါမယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent