■ အဓမ္မပြုကျင့်မှုအတွက် အီတလီတရားရုံးက ချမှတ်ထားသည့် ထောင်ဒဏ်(၉)နှစ်အား ဘရာဇီးလ်နိုင်ငံ၌ ရော်ဘင်ဟို ကျခံရမည်     

■ အဓမ္မပြုကျင့်မှုအတွက် အီတလီတရားရုံးက ချမှတ်ထားသည့် ထောင်ဒဏ်(၉)နှစ်အား ဘရာဇီးလ်နိုင်ငံ၌ ရော်ဘင်ဟို ကျခံရမည်     
Photo: Getty Images
Photo: Getty Images
Published 22 March 2024

ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုအနေဖြင့် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုအတွက် အီတလီတရားရုံးက ချမှတ်ထားသည့် ထောင်ဒဏ် (၉)နှစ်ပြစ်ဒဏ်အား ဘရာဇီးလ်နိုင်ငံ၌ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

    

အသက် (၄၀)ရှိပြီဖြစ်သူ ရော်ဘင်ဟိုသည် အေစီမီလန်အသင်း၌ကစားစဉ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း မီလန်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် အသက် (၂၃)နှစ်အရွယ် အယ်လ်ဘေးနီးယားနိုင်ငံသူ အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ရာတွင် ပါဝင်မှုဖြင့် ထောင်ဒဏ် (၉)နှစ် ချမှတ်ခံထားရသည်။ 

အီတလီတရားရုံးက ရော်ဘင်ဟိုအပါအဝင် အမျိုးသား (၆)ဦးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား အီတလီနိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။ 

မတ် (၂၀)ရက်က ဘရာဇီးလ်တရား ရုံးချုပ်၌ပြုလုပ်သည့် ကြားနာစစ်ဆေးမှုတွင် တရားသူကြီး အဖွဲ့ဝင် (၁၅)ဦးအနက် (၉)ဦးက ရော်ဘင်ဟိုအား ဘရာဇီးလ်နိုင်ငံ၌ ပြစ်ဒဏ်ကျခံစေရန် မဲပေးအတည်ပြုခဲ့ပြီး (၂) ဦးက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

    

ရော်ဘင်ဟိုသည် လက်ရှိအချိန်တွင် ဆန်းတို့စ်မြို့၌ နေထိုင်လျက်ရှိပြီး ၎င်း၏ပတ်စ်ပို့ကိုလည်း ဘရာဇီးလ် အာဏာပိုင်များက ပြီးခဲ့သည့်နှစ် မတ်လကတည်းက သိမ်းဆည်းထားသည်။ 

၎င်း၏ရှေ့နေဖြစ်သူက ယခုဆုံးဖြတ်ချက်အတွက် အယူခံဝင်မည်ဖြစ်ကြောင်းနှင့် အယူခံဝင်နေစဉ်ကာလအတွင်း ဖမ်းဆီးထားခြင်းမပြုရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။ 

ရော်ဘင်ဟိုသည် ဆန်းတို့စ်၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ အေစီမီလန်၊ ကွမ်ကျိုးအဲဗားဂရင်း၊ အက်သလက်တီကိုမင်နဲရိုး၊ ဆီဗက်စပေါ်၊ အစ္စတန်ဘူလ် ဘာရှက်ဆီဟီစသည့်ကလပ်အသင်းများတွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

Most Read

Most Recent