စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 22 April 2024

ရိုးမား နှင့် ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

အထက်အောက် တွေ့ကြတဲ့ပွဲပါ။ ရိုးမားအတွက် ပိုအရေးကြီးပြီး ဆက်လက်ပျံသန်းနိုင်မလား မျှော်ရမှာပါ။ တစ်ပွဲဆိုသလောက် အရေးကြီးပါတယ်။ ရိုးမားရဲ့ရုန်းအားကို ကြည့်ရမယ်။ 

အေစီမီလန် နှင့် အင်တာမီလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အစဉ်အလာကြီးတဲ့ မီလန်ဒါဘီပွဲစဉ် ဖြစ်သလို ဒီနှစ်သင်းက အမှတ်ပေးဇယားထိပ်ဆုံးနှစ်နေရာမှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်တယ်။ ဒါပေမဲ့ နှစ်သင်းအကြားမှာ ရမှတ်ကွာခြားမှုက ၁၄ မှတ်အထိရှိနေသလို ပထမအကျော့မှာလည်း အင်တာမီလန်က ငါးဂိုးအထိသွင်းယူပြီး ဂိုးပြတ်အနိုင်ရထားတယ်။ ရာသီကုန်ဆုံးဖို့ လက်ကျန်ခြောက်ပွဲပဲ ကျန်တော့လို့ အင်တာမီလန်အတွက် ချန်ပီယံဆုရယူဖို့ ဖိအားသိပ်မရှိတော့သလို အေစီမီလန်အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာလုနီးပါးရှိနေပါပြီ။ အဲဒါကြောင့် ဒီပွဲက မီလန်ဒါဘီဆိုတဲ့ ဂုဏ်သိက္ခာအတွက်ပဲ အဓိကယှဉ်ပြိုင်ရမှာပါ။ အေစီမီလန်အသင်းက ယူရိုပါလိဂ်မှာ စီးရီးအေပြိုင်ဘက် ရိုးမားကို နှစ်ကျော့စလုံးရှုံးနိမ့်ပြီး ထွက်ခဲ့ရသလို စီးရီးအေနောက်ဆုံးပွဲမှာလည်း တန်းဆင်းဇုန်ထဲက ဆာဆူအိုလိုနဲ့ သရေကျထားတယ်။ အင်တာမီလန်ကလည်း ရာသီကုန်ခါနီးမှာ ရလဒ်ပိုင်း နည်းနည်းယိုင်ချင်သလိုဖြစ်လာတယ်။ ဒါဘီပြိုင်ဘက်တွေဖြစ်လို့ ထိန်းကစားရင်း သရေကျနိုင်တဲ့ပွဲပါ။

ဆီဗီလာ နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဆီဗီလာက အိမ်ကွင်းနောက်ဆုံးပွဲမှာ ဆယ်လ်တာဗီဂိုကို ရှုံးခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ ဆီဗီလာကို ရွေးချယ်ချင်တယ်။ (၂) သင်းပေါင်းသွင်းဂိုးများနိုင်တယ်။

Most Read

Most Recent