ဇွန် ၃ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများ တစ်ပြိုင်တည်းဖွင့်လှစ်မည်

ဇွန် ၃ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများ တစ်ပြိုင်တည်းဖွင့်လှစ်မည်
Published 4 May 2024

 

ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာ ကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာန အသီး သီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

မေ ၃ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ် နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေးကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောင်း များ မဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝ ပြန်လည်ဖွင့် လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အမျိုးသားအားကစားပွဲ တော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအ တတ်ပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လတွင် ဘောလုံး၊ဘော်လီဘော၊ ပိုက်ကျော် ခြင်း၊ပြေးခုန်ပစ်အားကစားစသည့် အားကစား နည်းပြိုင်ပွဲများကို ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေ ပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ သြ ဂုတ်လတွင် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးအား ကစားပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ အဆင့် မြင့်ပညာမှ နှစ်သင်း၊ ဆရာအတတ်ပညာမှ နှစ်သင်း စုစုပေါင်းလေးသင်းဖြင့် ပါဝင်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းများတွင် စာသင်ကြားရုံသာမက အား ကစားချိန်တွင် အမှန်တကယ် အားကစားပြု လုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်းရေး ဆွဲကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ အချို့သော နယ်မြေများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် များအားလုံး ဇွန်လတွင် ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အ စိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင် ၍ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ပထမနှစ် ကျောင်းသားကျောင်းသူကို လူရည် ချွန်များ ပြန်လည်ရွေးချယ်ခေါ်ယူမည်ဖြစ် ကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာ ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြောင်း သိရသည်။

Most Read

Most Recent