ချန်ပီယံဆုအဆုံးအဖြတ် ပွဲစဉ်နှစ်ပွဲအနက် အာဆင်နယ်-အဲဗာတန်ပွဲကို ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာ  သွားရောက်ကြည့်ရှုမည်

ချန်ပီယံဆုအဆုံးအဖြတ် ပွဲစဉ်နှစ်ပွဲအနက် အာဆင်နယ်-အဲဗာတန်ပွဲကို ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာ  သွားရောက်ကြည့်ရှုမည်
Photo: BBC
Photo: BBC
Published 18 May 2024

 

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာသည် ချန်ပီယံဆုအဆုံးအဖြတ် ပွဲစဉ်နှစ်ပွဲအနက် အာဆင်နယ်-အဲဗာတန်ပွဲကို သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ် (၃၈) ကို ယနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီ ခွဲတွင် ၁၀ ပွဲစလုံး တစ်ပြိုင်တည်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရာသီပိတ်ပွဲစဉ်တွင် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်နှစ်ပွဲ ပါဝင်နေပြီး လန်ဒန်မြို့ရှိ အီမရိတ်စ်ကွင်း၌ အာဆင်နယ်-အဲဗာတန်၊ မန်ချက်စတာမြို့ရှိ အီတီဟတ်ကွင်း၌ မန်စီးတီး-ဝက်စ်ဟမ်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

နောက်ဆုံးပွဲ မတိုင်မီ မန်စီးတီးအသင်းက ၈၈ မှတ်ဖြင့် ဦးဆောင်နေပြီး အာဆင်နယ်အသင်းက ၈၆ မှတ်ရရှိထားသည်။ မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံဆုကို စံချိန်တင်အဖြစ် လေးရာသီဆက်တိုက်ရရှိရန် ဖြစ်နိုင်ခြေပိုများနေသော်လည်း ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာက ယင်းပွဲအစား အာဆင်နယ်အသင်း၏ပွဲကို သွားရောက်ကြည့်ရှုရန် စီစဉ်ထားခြင်းဖြစ်သည်။ 

လက်ရှိအခြေအနေအရ မန်စီးတီး အသင်းက ချန်ပီယံဖြစ်နိုင်ခြေ ၈၄ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အလားအလာပိုကောင်းနေပြီး အာဆင်နယ်အသင်းက ၁၅ ဒသမ ၇ ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။

Most Read

Most Recent