■ နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 

■ နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 7 June 2024

ဆွစ်ဇာလန် - သြစတြီးယား (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၀:၃၀ နာရီ)

လက်ရှိ ဥရောပမှာတော့ ခြေတက်နေပြီး အထင်ကြီးစရာကောင်းတဲ့အသင်းတွေဖြစ်တယ်။ ဆွစ်ဇာလန်က ဥရောပရဲ့အသင်းကြီး စာရင်းဝင်ဖြစ်ပြီး သြစတြီးယားက တက်လိုက်ကျလိုက် ပဲ။ ဒါပေမဲ့ ရန်းညစ်လက်ထက်မှာတော့ သြစတြီးယားရဲ့ရလဒ်တွေက မယုံနိုင်စရာပါ။ ဒီပွဲလည်း ဆွစ်ဇာလန်က အိမ်ကွင်းဆိုပေမယ့် သရေဆိုရင် ကျေနပ်ရမယ့် အခြေအနေဖြစ်တယ်။ 



ဆွီဒင် - ဆားဘီးယား (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၀:၃၀ နာရီ)

ဆွီဒင်နဲ့ ဆားဘီးယားက ခြေသိပ်တော့မကွာဘူး။ ဆွီဒင်က ပေါ်တူဂီကို ဂိုးပြတ်ရှုံးခဲ့တာ မယုံနိုင်စရာဖြစ်ပြီး ဒီပွဲအပြီးမှာ အယ်လ်ဘေးနီးယားကို အနိုင်ကစားခဲ့တယ်။ ပြီးတော့ ဒိန်းမတ်နဲ့ ထပ်ခြေစမ်းထားပြီး ဆားဘီးယားကလည်း ဒီပွဲမတိုင်ခင် သြစတြီးယားကို ရှုံးထားတယ်။ အခုပွဲကတော့ ဆွီဒင်အသင်း အနိုင်ရသင့်တဲ့ပွဲပါ။ 



ဟန်ဂေရီ - အစ္စရေး (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၀:၃၀ နာရီ)

ဟန်ဂေရီနဲ့ အစ္စရေးက ခြေသိပ်မကွာတဲ့အသင်းတွေပါ။ ဒါပေမဲ့ ဟန်ဂေရီက ပိုကောင်းပြီး လက်တလောလည်း ခြေစွမ်းသိသိသာသာတိုးတက်လာတယ်။ ဟန်ဂေရီ အနိုင်ရဖို့ သေချာတဲ့ပွဲပါပဲ။



ပေါ်တူဂီ - ခရိုအေးရှား (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၁:၁၅ နာရီ)

ပေါ်တူဂီနဲ့ ခရိုအေးရှားတို့က ၂၀၂၀ တုန်းက Nations League ပွဲစဉ်တွေမှာ အိမ်ကွင်းအဝေးကွင်းနောက်ဆုံးတွေ့ခဲ့ပြီး အခု ပထမဆုံးအကြိမ် ပြန်ဆုံကြခြင်းဖြစ်တယ်။ အဲဒီတုန်းကတော့ ပေါ်တူဂီအသင်းက အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲအပါအဝင် နှစ်ကျော့စလုံး အနိုုင်ကစားခဲ့တယ်။ လက်ရှိ အချိန်မှာ နှစ်သင်းစလုံး ပုံစံကောင်းပြသနေကြပြီး ကစားသမားအင်အားနဲ့ စုဖွဲ့မှုမှာ ပေါ်တူဂီက ပိုကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ခရိုအေးရှားက ပိုဝေးဝေးပြေးနိုင်တာလည်း တွေ့ရတယ်။  ဒီပွဲက လစ္စဘွန်းမှာ ကစားကြမှာပါ။ ခရိုအေးရှားရော ပေါ်တူဂီပါ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲတွေ ယူခဲ့ကြတယ်။ ဒီပွဲကတော့ အိမ်ကွင်းမှာ ပေါ်တူဂီ နိုင်ပွဲဆက်ဖို့များတယ်။ (၂-၁) လောက်ဖြစ်မယ်။ 



ဒိန်းမတ် - နော်ဝေ (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၂:၀၀ နာရီ)

ဒီပွဲမတိုင်ခင် ဒိန်းမတ်က ဆွီဒင်နဲ့ ကစားထားပြီး နော်ဝေက ကိုဆိုဗိုအသင်းနဲ့ ကစားထားတယ်။ စကင်ဒီနေးဗီးယန်း သုံးနိုင်ငံဖြစ်တဲ့ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်တို့က အမြဲတမ်း ခြေစွမ်းမကွာတဲ့အသင်းတွေဖြစ်သလို၊ အမြဲတမ်း အသင်းကောင်းတွေအဖြစ်လည်း ရပ်တည်ခဲ့ကြတယ်။ ခြေစွမ်းသိပ်မကွာတဲ့ပွဲပါ။ ဒိန်းမတ်ကိုတော့ ပိုကြိုက်တယ်။ 



ဘယ်လ်ဂျီယံ - လူဇင်ဘတ် (မြန်မာစံတော်ချိန် ဇွန်လ ၉ ရက် နံနက် ၀၀:၃၀ နာရီ)

လူဇင်ဘတ်အသင်းက ဒီပွဲမတိုင်ခင်မှာ ပြင်သစ်နဲ့ ခြေစမ်းပွဲကစားထားရပြီး အခုဒီပွဲမှာလည်း ဥရောပထိပ်တန်းအ သင်းကြီးတစ်သင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်တယ်။ ဘယ်လ်ဂျီယံအသင်းက ရွှေရောင်မျိုးဆက်အသင်းလောက် အားမကောင်းတော့ပေမယ့် ထိပ်တန်းစုဖွဲ့မှုကိုပိုင်ဆိုင်ထားဆဲပါ။ ဒီလိုပွဲတွေဆိုရင်လည်း ဂိုးပြတ်သွင်းလေ့ရှိတယ်။ 



စပိန် - မြောက်အိုင်ယာလန် (မြန်မာစံတော်ချိန် ဇွန်လ ၉ ရက် နံနက် ၂:၀၀ နာရီ)

စပိန်က ယူရိုပြိုင်ပွဲ မတိုင်ခင်မှာ လွယ်ကူတဲ့ ပွဲနှစ်ပွဲကိုပဲ  ကစားသွားတယ်။ ဒီပွဲမတိုင်ခင် အန်ဒိုရာနဲ့ ကစားပြီး အခုပွဲမှာတော့ အန်ဒိုရာထက် ပိုကောင်းတဲ့ မြောက်အိုင်ယာလန်နဲ့ ကစားမယ်။ မြောက်အိုင်ယာလန်က လျှော့တွက်လို့မရတဲ့အသင်း ဆိုပေမယ့် စပိန်နဲ့တော့ ခြေကွာနေတုန်းပါပဲ။ စပိန်အသင်းပဲ အနိုင်ကစားသွားလိမ့်မယ်။ 



အမေရိကန် - ကိုလံဘီယာ (မြန်မာစံတော်ချိန် ဇွန်လ ၉ ရက် နံနက် ၄:၀၀ နာရီ)

အမေရိကန်အသင်းက လက်ရှိ ကွန်ကာကပ်ဖ်ဇုန်မှာအ ကောင်းဆုံးအသင်းပါ။ ဒါပေမဲ့ ကိုလံဘီယာကိုတော့ အမေရိကန် ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ကိုလံဘီယာက အမေရိကန်ထက် ပိုကောင်းသလို နိုင်ပွဲတွေလည်း ဆက်တိုက်ယူနေတဲ့ အသင်းဖြစ်တယ်။ ကိုလံဘီယာကိုပဲ ကြိုက်တယ်။ 

■ အခြားပွဲစဉ်များ

ပီရူး - ပါရာဂွေး (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ညနေ ၅:၀၀ နာရီ)

ဘူရန်ဒီ - သီရီလင်္ကာ (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ညနေ ၆:၄၅ နာရီ)

မော်လ်ဒိုဗာ - ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၀:၃၀ နာရီ)

ဆလိုဗေးနီးယား - ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် ည ၁၀:၃၀ နာရီ)

Most Read

Most Recent