အင်္ဂလန်လက်ရွေးစင်အသင်းတွင် အာနိုးလ်ထက် မိန်နူး နေရာရသင့်သည်ဟု ရွန်နီ ဆို

အင်္ဂလန်လက်ရွေးစင်အသင်းတွင် အာနိုးလ်ထက် မိန်နူး နေရာရသင့်သည်ဟု ရွန်နီ ဆို
Photo: England
Photo: England
Published 3 June 2024

မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် လီဗာပူးလ်ကစားသမား အာနိုးလ်ထက် မန်ယူကစားသမား မိန်နူးက နေရာရသင့်ဟု ပြောကြားခဲ့သည်။

အာနိုးလ်သည် လီဗာပူးလ်အသင်းအတွင် ညာနောက်ခံလူအဖြစ် ကစားနေသော်လည်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင်အသင်းတွင် ကွင်းလယ်၌ အသုံးပြုနေသည့်အတွက် ရွန်နီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''အာနိုးလ် ကွင်းလယ်မှာကစားတဲ့ပွဲတချို့ကို ကြည့်ဖူးပါတယ်။ သူ့အရည်အသွေးတွေ ပျောက်ဆုံးသွားသလိုပါပဲ။ ကွင်းလယ်က ပိုပြီးတော့လည်း အရေးကြီးပါတယ်။ ဒီနေရာအတွက် မိန်နူးက ပိုသင့်တော်ပါတယ်''ဟု ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent