■ ပြင်သစ် - အင်္ဂလန် ဗိုလ်လုပွဲကို မျှော်လင့်လို့ရပြီ

■ ပြင်သစ် - အင်္ဂလန် ဗိုလ်လုပွဲကို မျှော်လင့်လို့ရပြီ
Photo: UEFA
Photo: UEFA
Published 28 June 2024
Wai Yan Aung

ယူရိုက ထင်မှတ်မထားတာတွေ၊ အံ့အားသင့်စရာတွေကို မြင်တွေ့ရတတ်တဲ့ ပြိုင်ပွဲတစ်ခုအဖြစ်  ဘောလုံးပရိသတ်အများစုက မှတ်ယူထားကြပါတယ်။ ဒိန်းမတ်နဲ့ ဂရိတို့လို အောက်အသင်းတွေ ဗိုလ်စွဲခဲ့ဖူးတာအပါအဝင် ပြိုင်ပွဲအတွင်းမှာ ထွက်ပေါ်တတ်တဲ့ ထူးခြားရလဒ်တွေကြောင့်လည်း ဖြစ်ပါတယ်။ အုပ်စုပထမရမယ်လို့ ယူဆထားတဲ့ အသင်းတွေ အုပ်စုဒုတိယ၊ တတိယဖြစ်သွားတတ်တာမျိုးကတော့ ယူရိုမှာ အံ့ဖွယ်လို့တောင် ပြောလို့ မရတော့ပါဘူး။ ဒါကြောင့် လက်ရှိကျင်းပနေတဲ့ ယူ ရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ ပြင်သစ် အုပ်စုဒုတိယနေရာသာ ရရှိခဲ့တာကိုလည်း ထူးခြားဖြစ်စဉ်လို့ သတ်မှတ်နိုင်မှာ  မဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်သစ်ကြောင့် ရှေ့ဆက်ရမယ့် ရှုံးထွက်ပွဲစဉ်လမ်းကြောင်းကတော့ တစ်ခြမ်းစောင်းသလို ဖြစ်သွားခဲ့ရပါတယ်။ ရေးဆွဲထားတဲ့ ပွဲစဉ်လမ်းကြောင်းက ပြင်သစ်သာ အုပ်စုဗိုလ်ဖြစ်ခဲ့ရင် အင်္ဂလန်အသင်းရှိနေတဲ့ လမ်းကြောင်းကနေ ဗိုလ်လုပွဲဆီ ချီတက်ရမှာပါ။

 

Most Read

Most Recent