■ အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ရန် ဒီမာရီယာ သဘောတူညီမှုရရှိ     

■ အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ရန် ဒီမာရီယာ သဘောတူညီမှုရရှိ     
Published 31 May 2024

အာဂျင်တီးနားဝါရင့်တိုက်စစ်ကစားသမား ဒီမာရီယာသည် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ဒီမာရီယာ(၃၆ နှစ်)သည် ပြီးခဲ့သည့်ရာသီ၌ ဘင်ဖီကာအသင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အာဂျင်တီးနားနိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဆန္ဒရှိခဲ့ကြောင်း သိရသည်။

သို့သော် ဒီမာရီယာအနေဖြင့် အာဂျင်တီးနားတွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိခဲ့သည့်အတွက် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အာဂျင်တီးနားအသင်းဖော် တိုက်စစ်မှူး မက်ဆီနှင့် နည်းပြ မာတီနိုတို့ ရှိနေသည့် အင်တာမိုင်ယာမီအသင်းကလည်း ၎င်းကို ခေါ်ယူရန် အစောပိုင်းကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent