ဆော်ဒီကလပ်များ၏ စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ယခုနွေတွင် စပါးအသင်းမှထွက်ခွာမည်မဟုတ်ဟု ရစ်ချာလီဆန် အတည်ပြု

ဆော်ဒီကလပ်များ၏ စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ယခုနွေတွင် စပါးအသင်းမှထွက်ခွာမည်မဟုတ်ဟု ရစ်ချာလီဆန် အတည်ပြု
Photo: B/R Football
Photo: B/R Football
Published 30 May 2024

စပါးတိုက်စစ်ကစားသမား ရစ်ချာလီဆန်က ဆော်ဒီပရိုလိဂ်ကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် စပါးအသင်း မှထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ရစ်ချာလီဆန်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၃၁) ပွဲတွင် (၁၂)ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် စီစဉ်နေရာ ဆော်ဒီကလပ်များ၏စိတ်ဝင်စားခြင်းကို ခံနေရသည့် ရစ်ချာလီဆန်အနေဖြင့် ယခုနွေတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ရစ်ချာလီဆန်က ''ကျွန်တော် အားလပ်ရပ်အပန်းဖြေခရီးထွက်ပြီး ပြန်ရောက်နေပါပြီ။ အခုအချိ်န်မှာ လာမယ့်ရာသီ ခြေစွမ်းပြနိုင်ဖို့အတွက် ကျွန်တော် လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ မီဒီယာတွေ ရေးနေကြတာက သတင်းအမှားတွေပါ။ လာမယ့်ရာသီမှာ စပါးကနေ ကျွန်တော် မထွက်ပါဘူး''ဟု Instagram Story တွင် ရေးသားခဲ့သည်။

 

Most Read

Most Recent