ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ဂျိုကာရက်စ် ပစ်မှတ်ထား

ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ဂျိုကာရက်စ် ပစ်မှတ်ထား
Photo: X
Photo: X
Published 9 September 2024

စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ဂျိုကာရက်စ်သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခွင့်ရရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

ဂျိုကာရက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းအတွက် ပွဲဦးထွက်ရာသီမှာပင် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၅၀)တွင် (၄၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ဂျိုကာရက်စ်သည် နာမည်ရလာခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း မိမိ၏စာချုပ်လျော်ကြေး ယူရိုသန်း(၁၀၀)မှာ များလွန်းပြီး မိမိအနေဖြင့် ဥရောပထိပ်တန်းလိဂ်များတွင် သွားရောက်ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

Most Read

Most Recent