အီတလီအသင်းအား အရေးနိမ့်ပြီးနောက် အဝတ်အစားလဲခန်းတွင် အသင်းဖော်များကို ဂိုးသမား မီနွန် ဒေါသတကြီးကြိမ်းမောင်းခဲ့ဟု သတင်းထွက်

အီတလီအသင်းအား အရေးနိမ့်ပြီးနောက် အဝတ်အစားလဲခန်းတွင် အသင်းဖော်များကို ဂိုးသမား မီနွန် ဒေါသတကြီးကြိမ်းမောင်းခဲ့ဟု သတင်းထွက်
Photo: X
Photo: X
Published 9 September 2024

UEFA Nations League အုပ်စုအဖွင့်ပွဲစဉ်တွင် ပြင်သစ်အသင်းသည် အိမ်ကွင်းမှာပင် အီတလီအသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ရပြီးနောက် အဝတ်အစားလဲခန်းထဲတွင်  ဂိုးသမား မီနွန်က အသင်းဖော်များအား နှစ်မိနစ်ခန့် ဒေါသတကြီးကြိမ်းမောင်းခဲ့သည်ဟု သတင်းထွက်ခဲ့သည်။

မီနွန်၏ ယင်းအပြုအမူကြောင့် အသင်းခေါင်းဆောင် အမ်ဘာပေ၊ ဒုတိယအသင်းခေါင်းဆောင် ဂရီးဇ်မန်းအပါအဝင် အသင်းဖော်များမှာ အံ့သြတကြီး ဖြစ်သွားခဲ့ရကြောင်း သိရသည်။

သို့သော် မီနွန်(၂၉ နှစ်)သည် အဝတ်အစားလဲခန်း အဖြစ်အပျက်များကို တိကျစွာပြောပြရန်ကိုမူ ငြင်းဆန်ခဲ့သည်။

''ဒီပွဲက နာကျင်ရတဲ့ ရှုံးပွဲတစ်ပွဲပါပဲ။ ဆိုးရွားတဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းနဲ့ တွေ့ခဲ့ရတယ်။  ပြီးတော့ ခံစစ်က ကောင်းကောင်းကာကွယ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ပွဲတိုင်းမှာ ဂိုးမပေးရမှုနဲ့ မနီးစပ်ခဲ့ပါဘူး။  ကျွန်တော်သာမက တစ်သင်းလုံးကလည်း ဒါကို ဆိုးရွားမှုတစ်ခုအဖြစ် ရယူခဲ့ရတယ်။ ကျွန်တော်တို့ ချက်ချင်းပြန်လာနိုင်ရမယ်။ ကျွန်တော်တို့အကြား အဝတ်အစားလဲခန်းထဲပြောတဲ့ အကြောင်းအရာတွေကို မနက်ဖြန်မှာ ဆွေးနွေးကြပါလိမ့်မယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ပွဲတစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်တဲ့အခါမှာ ကမ္ဘာကြီးရဲ့ အဆုံးသတ် မဟုတ်ပါဘူး''ဟု မီနွန်က ပြောကြားခဲ့သည်။

မီနွန်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက ကစားခဲ့သော ယူကရိန်းနှင့်ပွဲတွင် လက်ရွေးစင်အသင်း ပွဲဦးထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် လိုရစ် အနားယူသွားပြီးနောက် ပြင်သစ် နံပါတ်တစ် ဂိုးသမားဖြစ်လာခဲ့ကာ ပြင်သစ်အသင်းအတွက် လက်ရှိအချိန်ထိ (၂၃)ပွဲ ကစားပေးထားသည်။

Most Read

Most Recent