မန်စီးတီးရဲ့ ဖာဂူဆန်

မန်စီးတီးရဲ့ ဖာဂူဆန်
Photo : Getty Images
Photo : Getty Images
Published 1 August 2024
AK

မန်ချက်စတာကို ဂွါဒီယိုလာ ရောက်လာတာ (၈)နှစ်ရှိပါပြီ။ မန်စီးတီးကို မန်ချက်စတာရဲ့ အရှင်သခင်၊ အင်္ဂလန်ရဲ့ အရှင်သခင်အဖြစ် ဂွါဒီယိုလာ ဖန်ဆင်းပြထားပါပြီ။ မန်စီးတီးနည်းပြ သက်တမ်းအတွင်း ဂွါဒီယိုလာက ပရီးမီးယားလိဂ် (၆)ကြိမ်အပါအဝင် ဆုဖလား (၁၇)ခုယူပေးထားတာပါ။ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင်လေးကြိမ်ဆက် ဆွတ်ခူးပြီးနောက် မန်စီးတီးပရိသတ်တွေ ရင်တုန်စေမယ့်စကားတစ်ခွန်း ဂွါဒီယိုလာ ပြောဖူးတယ်။ "မန်စီးတီးမှာ ဆက်ရှိဖို့ထက် မရှိဖို့က ပိုများတယ်"ဆိုတာပါပဲ။ ဒီလိုပြောပေမဲ့ အခြားတစ်ဖက်မှာ ဂွါဒီယိုလာရဲ့ ဆန္ဒတစ်ခုရှိနေတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ချန်ပီယံဆုအများဆုံး ပိုင်ဆိုင်ထားတဲ့ ဖာဂီရဲ့ စံချိန်ကို ဂွါဒီယိုလာကျော် ဖြတ်ချင်နေပုံပဲ။

 

Most Read

Most Recent