အဲလက်စ်စကော့အတွက် ချယ်လ်ဆီးအသင်းရဲ့ ပေါင်(၆၄)သန်းနဲ့ ကမ်းလှမ်းမှုကို ဘုန်းမောက် ငြင်းပယ်

အဲလက်စ်စကော့အတွက် ချယ်လ်ဆီးအသင်းရဲ့ ပေါင်(၆၄)သန်းနဲ့ ကမ်းလှမ်းမှုကို ဘုန်းမောက် ငြင်းပယ်
Photo: X
Photo: X
Published 22 July 2026

ဘုန်းမောက်အသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား အဲလက်စ်စကော့အတွက် ချယ်လ်ဆီးအသင်းရဲ့ ပေါင်(၆၄)သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

အဲလက်စ်စကော့ဟာ ၂၀၂၃ နွေရာသီမှာ ဘရစ္စတိုးလ်စီးတီးကနေ ဘုန်းမောက်ကို ပေါင်(၂၅)သန်းဝန်းကျင်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။

ဘုန်းမောက်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အဲလက်စ်စကော့က အသင်းရဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို လက်မခံသေးတာကြောင့်လည်း ချယ်လ်ဆီးအပါအဝင် အာဆင်နယ်၊ မန်ယူ၊ စပါးနဲ့ မန်စီးတီးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးက တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းက ပေါင်သန်း(၈၀)နဲ့ ကမ်းလှမ်းမယ့်အသင်း ရှိလာရင်လည်း လက်ခံဖို့ အစီအစဉ်မရှိကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။

ဘုန်းမောက်အသင်းက အဲလက်စ်စကော့(၂၂ နှစ်)ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ရင်တောင် ဒီနွေမှာ ရောင်းထုတ်လိုခြင်းမရှိဘဲ လာမယ့် ၂၀၂၇ နွေရာသီမှ ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent