လီဗာပူးလ်နည်းပြ အီရာအိုလာက အာဂျင်တီးနားကွင်းလယ်ကစားသမား မက်အယ်လစ္စတာနဲ့ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်တို့ကို အသင်းမှာ ဆက်ရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
မက်အယ်လစ္စတာ(၂၇ နှစ်)က လီဗာပူးလ်အသင်းမှာ စာချုပ်သက်တမ်း (၂)နှစ်ကျန်နေသေးသူဖြစ်ပြီး အယ်လစ်ဆန်(၃၃ နှစ်)ကတော့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ကြောင်း သိရပါတယ်။
နှစ်ဦးစလုံးက အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်နေသူတွေဖြစ်ပြီး မက်အယ်လစ္စတာကို ရီးယဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို၊ အယ်လစ်ဆန်ကိုလည်း ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက မက်အယ်လစ္စတာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၀၀)လို့ သတ်မှတ်ထားပေမဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
''အလက်ဆစ်(မက်အယ်လစ္စတာ)က ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူ အရမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့် တခြားအသင်းတွေက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားတွေကို ခေါ်ချင်ကြတာ ပုံမှန်ပါပဲ။ စျေးကွက်မှာ အမြဲဒီလိုဖြစ်နေပေမဲ့ ကျွန်တော့်ရဲ့ ကစားသမားကောင်းတွေကို ကျွန်တော် ထိန်းသိမ်းထားချင်ပါတယ်။ အယ်လစ်ဆန်တို့လို အတွေ့အကြုံရင့်ကျက်သူတွေလည်း လိုအပ်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ဒီနွေရာသီမှာ ကစားသမားသစ်(၃)ဦး ခေါ်ယူထားပြီးဖြစ်ပေမဲ့ နောက်ထပ်(၂)ဦး ခေါ်ယူအားဖြည့်လိုသေးကြောင်းလည်း အီရာအိုလာက ပြောကြားခဲ့ပါတယ်။
မက်အယ်လစ္စတာနဲ့ အယ်လစ်ဆန်တို့ကို အသင်းမှာ ဆက်ရှိစေလိုကြောင်း အီရာအိုလာ ပြောကြား
Most Read
Most Recent
7 min ago















