■ မန်ယူနိုက်တက်ကွင်းလယ်ဒဏ်ရာကို ကုစားပေးမယ့် အူဂါတေ

■ မန်ယူနိုက်တက်ကွင်းလယ်ဒဏ်ရာကို ကုစားပေးမယ့် အူဂါတေ
Photo: Getty Images
Photo: Getty Images
Published 31 August 2024
AK

မန်နူရယ်အူဂါတေက ပြီးခဲ့တဲ့ရာသီမှာ လျှောထိုးဖျက်ထုတ်မှု (၉၈) ကြိမ်အထိ လုပ်နိုင်ခဲ့တယ်။ အဲဒီပမာဏဟာ ပြီးခဲ့တဲ့ရာသီပြင်သစ်လီဂူးမှာ ကစားသမားတစ်ဦးရဲ့အများဆုံးလျှောထိုးဖျက်ထုတ်မှုပါပဲ။ အူဂါတေက Ball Winning Player တစ်ဦးလည်း ဖြစ်ပြန်တယ်။ သူ့ရဲ့ဘောလုံးထိန်းကစားနိုင်စွမ်းကလည်း မြင့်မားနေတာပါ။ PSG အသင်း မရောက်ခင် စပို့တင်းလစ္စဘွန်းနဲ့တုန်းကလည်း အူဂါတေဟာ (၃၁) ပွဲကစားပြီးလျှောထိုးဖျက်ထုတ်မှု (၁၂၁) ကြိမ်အထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ တစ်ပွဲပျမ်းမျှ လျှောထိုးဖျက်ထုတ်မှု အများဆုံးစာရင်းမှာ အူဂါတေထက် ပိုများတာ ပယ်ဟင်ညာတစ်ယောက်ပဲ ရှိခဲ့တာပါ။