လိဒ်စ် - ဘန်လေ (မေ ၂ ရက် နံနက် ၁း၃၀ နာရီ)
လိဒ်စ်က အဆင့်(၁၈)နေရာက စပါးကို (၆)မှတ်ဖြတ်ထားတာကြောင့် သိပ်စိတ်ပူစရာမရှိတော့ဘူးလို့ ဆိုနိုင်ပေမဲ့ ကိုယ့်တာကိုယ် လုံအောင်တော့ လုပ်ရဦးမှာပါ။ ဘန်လေက တန်းဆင်းခဲ့ရပြီဖြစ်တာကြောင့် ရုန်းအားလျော့ကျသွားမှာ သေချာပါတယ်။ ဒါပေမဲ့ ဇယားအောက်ဆုံးမရောက်အောင်တော့ သိက္ခာဆယ်ချင်နေဦးမှာပါ။ လတ်တလောခြေစွမ်းအရတော့ လိဒ်စ်အသင်းကို ဘန်လေအသင်း ယှဉ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ထိပ်တိုက်ဆုံတွေ့မှုတွေမှာ ဘန်လေက ရလဒ်ပိုကောင်းနေတာကိုတော့ သတိပြုရမှာပါ။ လိဒ်စ်အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်ထင်တယ်။
ပီဆာ - လက်ချီ (မေ ၂ ရက် နံနက် ၁း၁၅ နာရီ)
တန်းဆင်းဇုန်အမှတ်လုပွဲဖြစ်ပြီး အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ ပီဆာအသင်းအနေနဲ့ ဒီပွဲရှုံးရင် တန်းဆင်းရဖို့ အဖြေထွက်သွားမှာပါ။ အဆင့်(၁၇)မှာ ရှိနေတဲ့ လက်ချီကလည်း အဆင့်(၁၈)နေရာက ခရီမိုနီဆီနဲ့ တစ်မှတ်သာကွာဟတာကြောင့် အစွမ်းကုန်ရုန်းကန်ရမှာပါ။ နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုမှာ အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။
ဂျီရိုနာ - မာယော့ကာ (မေ ၂ ရက် နံနက် ၁း၃၀ နာရီ)
ဒီနှစ်သင်းလည်း အမှတ်လုရမှာပါပဲ။ ဂျီရိုနာက အဆင့်(၁၅)မှာရှိနေပေမဲ့ အဆင့်(၁၈)ထက် (၄)မှတ်ပဲ သာပါတယ်။ မာယော့ကာကတော့ အဆင့်(၁၈)ထက် (၁)မှတ်ပဲသာတဲ့ အဆင့်(၁၇)နေရာမှာပါ။ နောက်ဆုံး(၅)ပွဲ စွမ်းဆောင်ရည်ချင်း နိိှုင်းယှဉ်ကြည့်ရင် မာယော့ကာ ပိုကောင်းနေပေမဲ့ ဒီပွဲမှာလည်း အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။















