နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်မှ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မိုးလေဝသ စောင့်ကြည့်ရေးကိစ္စများအတွက် မကြာမီကာလတွင် ဂြိုလ်တုတစ်လုံး လွှင့်တင်နိုင်ရန် ဆွေးနွေး နိုင်ခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်မှ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မိုးလေဝသ စောင့်ကြည့်ရေးကိစ္စများအတွက် မကြာမီကာလတွင် ဂြိုလ်တုတစ်လုံး လွှင့်တင်နိုင်ရန် ဆွေးနွေး နိုင်ခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 19 June 2026

နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်မှ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မိုးလေဝသ စောင့်ကြည့်ရေးကိစ္စများအတွက် မကြာမီကာလတွင် ဂြိုလ်တုတစ်လုံးလွှင့်တင်နိုင်ရန် ဆွေးနွေး နိုင်ခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

တရုတ်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မတို့ ဒီခရီးစဉ်ကနေပြီးတော့ အာကာသနည်းပညာဆိုင်ရာကိစ္စတွေမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ၊ နောက် မိုးလေဝသ စောင့်ကြည့်ရေးကိစ္စတွေ အတွက်ကို မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ တရုတ်က ပညာရှင်တွေ ပူးပေါင်းပြီးတော့ မကြာခင်မှာ ဂြိုလ်တုတစ်လုံး လွှင့်တင်ဖို့အတွက်ကိုလည်း ကျွန်မတို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် သမ္မတကြီး ခရီးစဉ်ကနေပြီးတော့မှ မြန်မာနိုင်ငံရဲ့ အာကာသကို ခြေလှမ်းသစ်စတင်တဲ့ ခရီးစဉ်တစ်ခုလို့လည်း ပြောနိုင်ပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် ရည်ရွယ်ချက်များကို ပေါက်မြောက်အောင်မြင် သည့် ခရီးစဉ်ဟု ပြောနိုင်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က “ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရရော၊ သံတမန်ရေးအရရော အောင်မြင်ခဲ့သလို စီးပွားရေးအရလည်း မြန်မာပြည်သူ ပြည်သားတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေ အများကြီးကို သယ်ဆောင်လာနိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒါအပြင် B to B လက်မှတ်ရေးထိုး လက်မှတ်ရေးထိုးနိုင်ခဲ့သလို G to G လည်း MOU ၁၈ ခု၊ အဲ့ဒီ ၁၈ ခုမှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ၊ ပြန်ကြားရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ဒါတွေအားလုံးပါဝင်တဲ့ MOU ကို ၁၈ ခု ထိုးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါကိစ္စများသည် မိမိတို့နိုင်ငံ ပြည်သူ ပြည်သားများအတွက် ကောင်းကျိုးများကို သယ်ဆောင်လာနိုင်သည့် ခရီးစဉ်တစ်ခုဟု ဆိုနိုင်ပါကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

Most Read

Most Recent