■ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် KBZMS တို့ ပူးပေါင်း၍ Travel Protect Insurance ကို မိတ်ဆက်

■ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် KBZMS တို့ ပူးပေါင်း၍ Travel Protect Insurance ကို မိတ်ဆက်
Published 29 April 2026

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) အနေဖြင့် KBZMS General Insurance နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် Travel Protect Insurance ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုအသစ်သည် ခရီးသည်များအတွက် လုံခြုံရေး၊ အဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်မှစတင်၍ MAI ၏ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်ကို စီစဉ်ရာတွင် MAI ၏ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.maiair.com မှတစ်ဆင့် add-on section ကို လွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုပူးပေါင်းဆောင်ရွက်မှုအသစ်သည် MAI အနေဖြင့် သာမန်လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုကို ကျော်လွန်ပြီး ခရီးသည်များအတွက် အပြည့်အစုံပါဝင်သည့် travel solution များကို ဆက်လက်ပံ့ပိုးပေးရန်အတွက် ခိုင်မာသောကတိကဝတ်ထားရှိခြင်းတို့ကို ထပ်မံပြသလိုက်ခြင်းဖြစ်ကြောင်း၊ KBZMS Travel Protect ခရီးသွားအာမခံသည် မမျှော်မှန်းနိုင်သော ကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးကြောင်း သိရသည်။

အပိုအကာအကွယ်များအဖြစ် ကူးစက်မြန်ရောဂါအပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက်ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု စသည်တို့ဖြစ်ကြောင်း၊ အခြားသော အခြေခံအကာအကွယ်များအဖြစ် မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။

ယခုပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် Travel Protect Insurance ကြောင့် ခရီးသည်များအနေဖြင့် မိမိတို့၏ flight booking ပြုလုပ်ရာတွင် အာမခံကာကွယ်မှုကိုလည်း အဆင်ပြေစွာ တစ်ပါတည်း ရယူနိုင်ပြီး MAI ၏ seamless end-to-end journey အတွက် ပံ့ပိုးပေးရေးအပေါ် ကတိကဝတ်ကို ပိုမိုခိုင်မာစေကြောင်း သိရသည်။

MAI ၏ Chisf Executive Officer (CEO) ဖြစ်သူ Tenes Kumar က “ကျွန်တော်တို့ ခရီးသည်များအတွက် ပိုမိုကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုများကို မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နှင့် ပူးပေါင်းဆောင်ရွက်ရခြင်းအပေါ် အလွန်ဝမ်းမြောက်ပါသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုသည် ကျွန်တော်တို့၏ ခရီးစဉ်တစ်လျှောက်လုံးတွင် seamless connectivity ကိုသာမက စိတ်ချယုံကြည်မှုနှင့် အာမခံမှုကိုလည်း ပိုမိုပေးစွမ်းနိုင်ရန် ကျွန်တော်တို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခြင်းဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။

    

KBZMS General Insurance ၏ Chisf Executive Officer ဖြစ်သူ ဦးစိုင်းလူမွန်အောင်က “ခရီးသွားအာမခံဝန်ဆောင်မှုကို လွယ်ကူရိုးရှင်းပြီး လူတိုင်းအဆင်ပြေစွာ ရယူအသုံးပြုနိုင်စေရန် Myanmar Airways International နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။ MAI website ပေါ်တွင် click နှိပ်ရုံဖြင့် ခရီးသည်များအနေဖြင့် အာမခံကာကွယ်မှုကို လွယ်ကူစွာရယူနိုင်ပြီး ယုံကြည်စိတ်ချစွာ ခရီးသွားနိုင်ပါသည်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းတစ်ခုအဖြစ် MAI သည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးစွမ်းရန်အတွက် ဆက်လက်တိုးတက်အောင် မြှင့်တင်လျက်ရှိပြီး ခရီးသည်များအား စိတ်ချယုံကြည်မှု၊ သက်တောင့်သက်သာရှိမှု၊ ဂရုစိုက်မှုတို့နှင့်အတူ အစဉ်အမြဲခရီးသွားနိုင်ရန် အမြဲတမ်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ ပြည်တွင်းခရီးစဉ် ၁၈ မြို့နှင့် ပြည်ပခရီးစဉ် ၂၃ ခုမြို့ဆီသို့ ပျံသန်းပြေးဆွဲလျက်ရှိသော မြန်မာနိုင်ငံ၏ ဦးဆောင်လေကြောင်းလိုင်းတစ်ခုဖြစ်ကြောင်း၊ MAI  သည် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံနှင့် လာအိုနိုင်ငံများ အပါအဝင် နိုင်ငံတကာခရီးစဉ်များကို ဝန်ဆောင် မှုပေးလျက်ရှိကြောင်း၊ လက်ရှိတွင် MAI သည် Airbus A320 Family လေယာဉ်များ၊ Embraer E190 လေယာဉ်များ၊ ATR72-600 လေယာဉ်များနှင့် Boeing 737 Freighter တို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

KBZMS General Insurance Co.,Ltd ကို မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက အာမခံကုမ္ပဏီဖြစ်သော IKBZ Insurance Co.,Ltd အမည်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံရှိ အာမခံကုမ္ပဏီကြီး MSI နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပြီးနောက် KBZMS General Insurance အမည်သို့ ပြောင်းလဲအသုံးပြုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent