■ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ​ကောင်းတပ်​ကျေးရွာပေါက်ကွဲမှုတွင် ​သေဆုံးသူ က​လေး​​ခြောက်ဦးအပါအဝင် ၃၈ ဦးရှိပြီး ဒဏ်ရာရရှိသူဦး​ရေ ၇၀ ​ရှိ

■ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ​ကောင်းတပ်​ကျေးရွာပေါက်ကွဲမှုတွင် ​သေဆုံးသူ က​လေး​​ခြောက်ဦးအပါအဝင် ၃၈ ဦးရှိပြီး ဒဏ်ရာရရှိသူဦး​ရေ ၇၀ ​ရှိ
Published 1 June 2026

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ​ကောင်းတပ်​ကျေးရွာပေါက်ကွဲမှုတွင် သေဆုံးသူ က​လေး​​ခြောက်ဦးအပါအဝင် ၃၈ ဦးရှိပြီး ဒဏ်ရာရရှိသူဦး​ရေ ၇၀ ​ရှိကြောင်း ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီခန့်အထိ ရရှိသည့် သတင်းများအရ ​သိရသည်။

ကောင်းတပ်ကျေးရွာတွင် မေ ၃၁ ရက်မွန်းတည့် ၁၂ နာရီ​ကျော်တွင် ​ပေါက်ကွဲမှုဖြစ်ပွားပြီး ​နေအိမ်အများအပြားပျက်စီးကာ လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှာ​ဖွေကယ်ဆယ်​ရေးလုပ်​ဆောင်ပြီး​နောက် သေဆုံးသူအ​ရေအတွက် တိုးလာခြင်းဖြစ်​ကြောင်း သိရသည်။

“အခု​နေ့လည်ပိုင်း ပရဟိတအဖွဲ့​တွေဆီက သိရတာ မ​နေ့(​မေ ၃၁ ရက်)မှာ ၃၇ ​ယောက်​သေပြီး ဒီ​နေ့​သေတာတစ်​ယောက်ထပ်တိုးတယ်။ တစ်ချို့လည်း ​သေတာ ၄၀ ​ကျော်​လောက်ရှိတယ်လို့​ပြော​နေ​ပေမဲ့ ပရဟိတ​တွေကိုယ်တိုင် စာရင်းပြန်လုပ်တာ ၃၈ ​ယောက်လုပ်လို့​ပြောတယ်။ ​သေတဲ့ထဲမှာ က​လေး​ခြောက်​ယောက်ပါတယ်။ ဒဏ်ရာရတာ ၇၀ ဦး။ အခုအကုန်နမ့်ခမ်း​ဆေးရုံမှာပဲ "ဟု ရှမ်း​မြောက်​ဒေသခံတစ်ဦးက ​ယ​​နေ့ မွန်းလွဲ ၁ နာရီခန့် ပြောကြားသည်။

ယင်း​ပေါက်ကွဲမှုနှင့်ပတ်သက်၍ TNLA က ထုတ်ပြန်ရာတွင် မေ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့​ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ မိဘပြည်သူများမှ အသက်ဆုံးရှုံးရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးရမှုတို့ အများအပြားရှိခဲ့​ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် PSLF/TNLA အနေဖြင့် များစွာ ဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ စာနာဝမ်းနည်းပါကြောင်း ဖော်ပြထားသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းပျော့များသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသောပစ္စည်းများ ဖြစ်​ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်​ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှံးခဲ့ရသော မိဘပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ဟု TNLA ကထုတ်ပြန်သည်။

ပုံစာ-ပေါက်ကွဲမှုအပြီး လူမှုကွန်ရက်တွင်ပျံ့နှံ့​​နေသည့် ရုပ်သံဖိုင်တစ်ချို့မှ ရယူထားသည့် ပုံများတွင် အပျက်အစီးများကို​တွေ့ရစဉ်။

Most Read

Most Recent