ဒမ်ဖရိုင်းစ်နဲ့ ကိုနာတေးတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခေါ်ယူနိုင်ဖို့ ရီးယဲလ်အသင်း မျှော်လင့်

ဒမ်ဖရိုင်းစ်နဲ့ ကိုနာတေးတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခေါ်ယူနိုင်ဖို့ ရီးယဲလ်အသင်း မျှော်လင့်
Photo: X
Photo: X
Published 3 June 2026

ရီးယဲလ်အသင်းဟာ အင်တာမီလန်အသင်းက နယ်သာလန်ညာနောက်ခံလူ ဒမ်ဖရိုင်းစ်နဲ့ လီဗာပူးလ်နဲ့ လမ်းခွဲတော့မယ့် ပြင်သစ်နောက်ခံလူ ကိုနာတေးတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ရီးယဲလ်အသင်းက ကစားသမားနှစ်ဦးစလုံးနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေပြီး အသေးစိတ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့သာ လိုတော့ကြောင်း သိရပါတယ်။

အသက်(၃၀)ရှိပြီဖြစ်တဲ့ ဒမ်ဖရိုင်းစ်က အင်တာမီလန်အသင်းနဲ့ ယူရိုသန်း(၂၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတာကြောင့် ရီးယဲလ်အသင်းက လျော်ကြေးပေးခေါ်ယူရမှာဖြစ်ပြီး ဇွန်လကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းပြည့်မယ့် ကိုနာတေးကိုတော့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

ရီးယဲလ်အသင်းက ကစားသမားနှစ်ဦးစလုံးကို ၂၀၃၀ ခုနှစ်အထိ (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ရီးယဲလ်အသင်းက ဇွန်လ(၇)ရက်နေ့မှာ ဥက္ကဋ္ဌရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်ပြီး ပီရက်ဇ် ဥက္ကအဖြစ် ဆက်ရှိနေမှ ဒီအပြောင်းအရွှေ့တွေ အတည်ဖြစ်မယ်လို့လည်း သိရပါတယ်။

 

Most Read

Most Recent