၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ချန်ပီယံအာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာ ရရှိ

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ချန်ပီယံအာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာ ရရှိ
Photo: X
Photo: X
Published 27 May 2026

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ချန်ပီယံအာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာ ရရှိခဲ့ကြောင်း သိရပါတယ်။

အာတေတာက အာဆင်နယ်အသင်းကို (၂၂)နှစ်ကြာမှ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ၂၀၀၃-၀၄ ရာသီက အာစင်ဝင်းဂါး ရရှိခဲ့ပြီးနောက်ပိုင်း ဒီဆုကို ပထမဆုံးအကြိမ်ရယူနိုင်တဲ့ အာဆင်နယ်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ၁၉၉၃-၉၄ ရာသီမှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပထမဆုံးရရှိခဲ့သူက မန်ယူနည်းပြ ဖာဂူဆန်ပါ။

ဖာဂူဆန်က ဒီဆုကို (၁၁)ကြိမ်အထိ ရရှိခဲ့တဲ့ အအောင်မြင်ဆုံးနည်းပြလည်းဖြစ်ပြီး ဂွါဒီယိုလာက (၅)ကြိမ်နဲ့ ဒုတိယအများဆုံး၊ မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးတို့က (၃)ကြိမ်စီနဲ့ တတိယအများဆုံး၊ ယာဂန်ကလော့ပ်က (၂)ကြိမ်နဲ့ စတုတ္ထအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ချန်ပီယံမဖြစ်တဲ့အသင်းတွေရဲ့နည်းပြ ရရှိတာ (၅)ကြိမ်သာရှိခဲ့ဖူးပြီး ချန်ပီယံနည်းပြတွေကသာ အများဆုံးဆွတ်ခူးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

အာတေတာက အသက်(၄၄)နှစ်နဲ့ (၅၄)ရက်အရွယ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းကို (၄၂)နှစ်နဲ့ (၉၄)ရက်အရွယ်မှာ ချန်ပီယံဆု ရယူပေးခဲ့တဲ့ မော်ရင်ဟိုရဲ့နောက် ဒုတိယအသက်အငယ်ဆုံး ပရီးမီးယားလိဂ်ချန်ပီယံနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent